Posts

Showing posts from September, 2015

ဟောင်းသော်လည်း တန်ဖိုးရှိနေဆဲ ရှေးဟောင်းကားတွေ

Image
(ဧရာဝတီသတင်းဌာနမှတဆင့် ကူးယူဖော်ပြပါသည်။) သံချေးအလိမ်းလိမ်း တက်နေတဲ့ ကားဟောင်းကြီး တစီး။ ကားကိုယ်ထည် တခုလုံးက သံချေးတွေ အလိမ်းလိမ်းတက်ပြီး တချို့နေရာတွေမှာ ဆွေးနေတယ်။ မှန်တံခါးတွေ ကလည်း မှန်မရှိတော့ဘဲ မှန်ဟောင်းလောင်းနဲ့။ ရှေ့မီးခွက် နှစ်လုံးရဲ့ အဖုံးအကာတွေ မပါတာကြောင့် ကြည့်ရတာ မျက်ကွင်းဟောက်ပက်နဲ့ အဘိုးအိုကြီး တယောက်ကို ကြည့် နေရသလို ပါပဲ။ ကူကယ်ရာ မဲ့နေတယ်။ တချိန်က အသုံးဝင်ချင် ဝင်ခဲ့ပေမယ့် အခုအချိန်မှာတော့ သူရဲ့ဘဝဟာ လုံးဝကို မျှော်လင့်ချက် မရှိ ဖြစ်နေပြီ။ ကားပိုင်ရှင်က သူ့အိမ်မှာ ရှုပ်လို့ ဆိုပြီး သံပိဿာချိန်နဲ့ လာရောင်းထားတာပါ။ အဲဒီလို ပစ်ထားခံရတဲ့ ကားအိုကားဟောင်းတွေ မြန်မာနိုင်ငံအတွင်းမှာ အများကြီး ရှိတယ်။ မြန်မာပြည်ကို အင်္ဂလိပ် တွေ အုပ်ချုပ်ခဲ့တုန်းက စစ်အတွင်း အသုံးပြုခဲ့တဲ့ ဂျစ်ကားတွေရော၊ မြို့ပေါ်မှာ အသုံးပြုကြတဲ့ ဇိမ်ခံကားတွေရော ပေါ့။ ကာလ အနေနဲ့ဆို ၁၉၃၀ နဲ့ ၄၀ ခုနှစ်ဝန်းကျင် လောက်ကပါ။ အဲဒီ အချိန်တွေ တုန်းကတော့ ကားကြီးတွေဟာ အရမ်းကို အသုံးဝင်ခဲ့ကြပြီး အရမ်းကို အရေးပါ အရာရောက်ခဲ့ကြတယ်။ လူအများရဲ့ အရေးတယူပြုမူတာတွေ ခံခဲ့ရပေမယ့် အခုအချိန်မှာတော့ အဲဒီ ကားဟောင်းတွေဟာ ကူရာမဲ့ဘဝကို ရေ

မန္တလာမြေက တပတ်ရစ် ဖုန်းဆိုင် ယဉ်ကျေးမှု

Image
(ဒီဗွီဘီသတင်းစာမျက်နှာမှတဆင့် ကူးယူဖော်ပြပါသည်။) မန္တလေးမြို့မှာ ဒီနှစ်ပိုင်းအတွင်း ပေါပေါများများ တွေ့လာရတာကတော့ တပတ်ရစ်မိုဘိုင်းဖုန်းရောင်းဝယ်ရေးဆိုင်တွေပဲဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာ တနိုင်တပိုင် စီးပွားရေးလုပ်ငန်းတွေ အများကြီးရှိတဲ့ထဲက အမှန်တကယ် စီးပွားဖြစ်နေတဲ့လုပ်ငန်းက အင်မတန်နည်းနေပါတယ်။ တပတ်ရစ် မိုဘိုင်းဖုန်း ရောင်းဝယ်ရေး ဆိုင်လေးတွေကတော့ လက်ရှိအခြေအနေမှာ အလုပ်ဖြစ်နေတဲ့၊ ထိုက်သင့်တဲ့ အမြတ်ရနေတဲ့ တနိုင်တပိုင် စီးပွားရေးလုပ်ငန်းတွေအဖြစ် ရပ်တည်နေပါတယ်။ ဒါ့ကြောင့် ဒီတပတ်မှာ မန္တလေးမြို့က တနိုင်တပိုင်လုပ်နေကြတဲ့ တပတ်ရစ် မိုဘိုင်းဖုန်းဆိုင်တွေနဲ့ စာဖတ်သူတွေကို ထိတွေ့ပေးလိုက်ပါတယ်။ လွန်ခဲ့တဲ့နှစ်နှစ်လောက်ကအထိ မန္တလေးမှာ တပတ်ရစ်ဖုန်းတွေကို ဆိုင်နဲ့ကနားနဲ့ ရောင်းတာမျိုး မရှိခဲ့ပါဘူး။ အရင်က မန္တလေးမြို့မှာ အခုလိုဖုန်းအရောင်းအဝယ်လုပ်ငန်းထက် ဖုန်းလိုင်းကတ်တွေ အချင်းချင်းရောင်းကြဝယ်ခဲ့ကြတာပါ။ လွန်ခဲ့တဲ့လေးနှစ်ကျော်လောက်က ရောင်းမည်ဝယ်မည်ဆိုတဲ့ ဖေ့ဘုတ်ဂရုလေးထဲမှာ ဖုန်းဆင်းကတ်တွေနဲ့ အခြားပစ္စည်းတွေကိုသာ ရောင်းချကြရာကနေ နောက်ပိုင်းမှာ ဖုန်းတွေကိုပါ ရောင်းချလာကြတာဖြစ်ပါတယ်။ ဖေ့စ်ဘွတ်ခ်ထဲမှာတင် ဖုန်း