Posts

Showing posts from October, 2015

'နိုင်ငံခြားမှာ ထူးခြားတဲ့ အလုပ်မျိုး သွားလုပ်သူ'

Image
(ဧရာဝတီသတင်းစာမျက်နှာမှ တဆင့်ကူးယူဖော်ပြပါသည်။) နိုင်ငံခြားမှာ မြန်မာတွေ အလုပ်သွားလုပ်ကြတာ အလုပ်အကိုင်အမျိုးစုံ ရှိပါတယ်။ ဆရာဝန် ၊အင်ဂျင်နီယာ၊ စာရင်းအင်း ပညာရှင်က အစ အိမ်ဖော်အထိ အမျိုးစုံပါပဲ။ ဒါပေမယ့် ဘယ်သူမှ တွေးထင်ကြည့်မိမှာ မဟုတ်တဲ့ အလုပ်မျိုးကို လုပ်ခဲ့သူ တယောက်နဲ့ တွေ့ခဲ့ရပါတယ်။ အနာကြီးရောဂါသည်တွေ အများစုနေထိုင်တဲ့ မတ္တရာမြို့နယ် နံ့သာမြိုင်ကျေးရွာမှာ သူ့ကို တွေ့ရတာပါ။ ခြံဝင်းထဲက ကွပ်ပျစ်လေးတခုပေါ်မှာ ထိုင်ပြီး အမျိုးသားကြီးတယောက်က ရေဒီယိုနီနီရဲရဲအသေးစားလေးတခုကို လိုင်း ရှာရင်း လျှောက်ကလိနေတယ်။ တကိုယ်လုံးမှာ အထူးခြားဆုံးကတော့ တခေါင်းလုံးက သူ့ဆံပင်တွေ ဖြူဖွေးနေတာပဲ။ ဖြတ်သန်းလာခဲ့တဲ့ သက်တမ်းတလျှောက်လုံး ဘယ်လောက် ခက်ခက်ခဲခဲ ရုန်းကန်လှုပ်ရှားခဲ့ရသလဲဆိုတာ သက်သေပြ နေသယောင်။ မျက်နှာကတော့ ကြည်နေတယ်။ လောဘ ဒေါသမာန် မာနတွေ တော်တော်နည်းနေတဲ့မျက်နှာ အေးပြီး ကြည်နေတယ်။ သူက အသက်၇၀ရှိပြီဖြစ်တဲ့ ဦးကျော်ရင်(အမည်လွှဲ) ပါ။ ဦးကျော်ရင်ရဲ့ပုံစံကို ရုတ်တရက်ကြည့်ရင် ဘဝကို အေးအေးသာသာလေး ဖြတ်သန်းခဲ့ရတယ်လို့ ထင်စရာပါ။ ဒါပေမယ့် တကယ့်တကယ် သူဖြတ်သန်းလာခဲ့ရတဲ့ ဘဝတခုလုံးကို ခြုံကြည့်မယ်ဆိုရင်တော့ အရမ်းကို ပင်ပန

အပယ်ခံ ကမ္ဘာတစ်ခု

Image

လက်ကမ်းရယ်ကူ

Image
 (ပြည်သူ့ခေတ်ဂျာနယ်မှ တဆင့်ကူးယူဖော်ပြပါသည်။) မန္တလေးမှာ လက်အတုတွေအခမဲ့တပ်ပေးနေတယ်ဆိုတဲ့အသံကြားလို့ စိတ်ဝင်စားသွားတယ်။ ဟုတ်တယ်လေ….အရင်ကခြေတုဆိုတာလောက်ပဲ ကြားဖူးခဲ့ကြတာ…..အခုဟာကလက်အတု…..လက်အတုတောင်မှာ လက်အစစ်လို လှုပ်ရှားနိုင်မယ့် လက်အတုပါတဲ့လေ….။ ကိုယ်တိုင်ကလည်း နေရာတကာစပ်စပ် စပ်စပ်နဲ့ ဝါသနာပါတော့ စိတ်ဝင်စားပြီး  သွားလေ့လာခဲ့ကြည့်ခဲ့ပါတော့တယ်။ နေရာက မန္တလေးမြို့နန်းရှေ့ရပ်၊ ဖောင်တော်ဦးကျောင်းထဲက မုဒိတာခန်းမမှာပါ။ လက်တုတွေတပ်ဆင်ပေးတာက အောက်တိုဘာလ၁၀ရက်နေ့နဲ့၁၁ရက်နေ့ နှစ်ရက်ပေါ့။ မန္တလေးတိုင်းဒေသကြီးနဲ့အခြားဆက်စပ်တဲ့ဒေသတွေဖြစ်တဲ့ စစ်ကိုင်းတို့၊ ချင်းပြည်တို့၊ ရှမ်းပြည်တို့က လက်ပြတ်တဲ့သူတွေအတွက် လက်အတုအခမဲ့တပ်ဆင်ပေးတာပါ။ ဖောင်တော်ဦးကျောင်းထဲကို ၁၁ရက်နေ့ (ဒုတိယနေ့) နေ့လည်မွန်းတည့်လောက်မှာရောက်သွားတယ်။ ရောက်သွားတော့ လက်တုတွေလာလှူတဲ့အလှူရှင်ဖောင်ဒေးရှင်းကလူတွေသာရှိတော့တယ်။ လက်အတုလာတပ်သူတွေကိုမတွေ့ရတော့ပါဘူး။ ဒါနဲ့ပဲ လက်အတုလာရောက်လှူဒါန်းတဲ့ ဖောင်ဒေးရှင်းက တာဝန်ရှိသူတဦးဖြစ်တဲ့ ဒေါ်တင်မေအောင်ကို သိချင်တာလေးတွေသိရအောင် မေးမြန်းဖြစ်ခဲ့ပါတယ်။ အလှူရှင်အဖွဲအစည်းကတော့ ဒေါက်တာစောမြအောင်ဖောင်ဒေးရှင်းပ

"ရတနာပုံခေတ် မင်းမျိုးမင်းနွယ်တွေ စုံညီကြတဲ့နေ့"

(ဧရာဝတီသတင်းစာမျက်နှာ်မှ တဆင့်ကူးယူဖော်ပြပါသည်။) မင်းမြောက်တန်ဆာတွေ ဝတ်ဆင်ထားပြီး ဘေးတစောင်းထိုင်နေတဲ့ ပုဂ္ဂိုလ်တဦးပုံပါ အဖြူအမည်း ရှေးဟောင်း ဓာတ်ပုံကြီးတပုံရှေ့မှာ မြန်မာအမျိုးသမီးကြီးတဦးဟာ ပုံ့ပုံ့လေးထိုင်ပြီး အရိုအသေပေးနေတယ်။ အရွယ်အစား ကြီးမားပြီး ခန့်ညားလှတဲ့ ဓာတ်ပုံကြီးထဲက ပုဂ္ဂိုလ်ကတော့ ရတနာပုံ မင်းနေပြည်တော် (မန္တလေးမြို့) ကို စတင်တည်ထောင်ခဲ့တဲ့သူ၊ ပဉ္စမသံဃာရတနာ တင်နိုင်ခဲ့သူ မင်းတုန်းမင်းတရားကြီးရဲ့ပုံပဲဖြစ်ပါတယ်။ အမျိုးသမီးကြီးဟာ အဲဒီ မင်းတုန်းမင်းတရားကြီး ဓာတ်ပုံကို ကြည့်လိုက် ပါးစပ်ကနေ တိုင်တည် ရေရွတ်လိုက် လုပ်နေတယ်။ တအောင့်ကြာတဲ့ အခါမှာတော့ အဲဒီအမျိုးသမီးကြီးက ဓာတ်ပုံကို ဦးသုံးကြိမ်ချပြီး ရှိခိုးလိုက်တယ်။ မင်းတုန်းမင်းတရားကြီးအတွက် ရည်စူးပြီး ပြုလုပ်တဲ့ မတကဘတ်ပွဲမှာ ဆွေတော်မျိုးတော်တဦးက မင်းတရားကြီးရဲ့ဓာတ် ပုံကို ကြည့်ပြီး တိုင်တည် ရေရွတ် ကန်တော့နေတဲ့ မြင်ကွင်းပဲ ဖြစ်ပါတယ်။ မတကဘတ်ဆိုတာကတော့ သေဆုံးသူကို ရည်စူးပြီး ဆွမ်းကပ်လှူဒါန်းပွဲလို့ အဓိပ္ပာယ်ရပါတယ်။ နှစ်ပေါင်းငါးဆယ်ကျော်ကြာ မပြုလုပ်ခဲ့တဲ့ ဒီမတကဘတ် ဆွမ်းကပ်ပွဲကို သီတင်းကျွတ်လဆန်း၆ရက်နေ့ (အောက်တိုဘာ လ၁၉) ရက်နေ့က မန္တလေးမ

မန္တလေးနန်းတွင်းထဲက လူအရောက်အပေါက်နည်းနေသေးတဲ့ သမိုင်းဝင်ကိုးနေရာ

Image
(ဧရာဝတီသတင်းစာမျက်နှာမှ တဆင့်ကူးယူဖော်ပြပါသည်။) မြန်မာနိုင်ငံရဲ့ နောက်ဆုံးမင်းဆက်တွေ ဖြစ်တဲ့ မင်းတုန်းမင်းနဲ့ သီပေါမင်းတို့ စိုးစံခဲ့တဲ့ နေရာ။ သက်တမ်း အားဖြင့် နှစ်ပေါင်း (၁၅၀) ကျော် ရှိခဲ့ပြီး သမိုင်းဝင် အဆောက်အဦတွေနဲ့ ရှေးဟောင်းလက်ရာ အမွေအနှစ်တွေ ပြည့်နှက်နေတဲ့ နေရာ။ မန္တလေးမြို့ကို လာရောက်လည်ပတ်ကြသူ ပြည်တွင်းပြည်ပ ခရီးသွား အများစု မသွားမဖြစ် သွားရောက် လေ့လာတတ် ကြတဲ့နေရာ။ အဲဒီလို သမိုင်းဝင်ပြီး အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာ တခုဖြစ်ပေမယ့် စစ်တပ်ရဲ့ အဝန်းအဝိုင်းထဲမှာ ရှိနေလို့ အဝင်အထွက်တွေ တင်းကြပ်ထားပြီး မြို့နေ လူထုကိုယ်တိုင်က ဝင်ရောက် လည်ပတ် လေ့လာဖို့ တွန့်ဆုတ်တတ် ကြတဲ့နေရာ လည်း ဖြစ်နေပါတယ်။ ဟုတ်ပါတယ်၊ အဲဒါ မန္တလေးနန်းတွင်း ပါ။ နန်းတွင်းထဲကို လာရောက်လည်ပတ်သူ အများစုဟာ မြနန်းစံကျော် ရွှေနန်းတော်ကိုသာ သွားရောက် လည်ပတ်ကြတယ်၊ ဓာတ်ပုံရိုက်ကြတယ်၊ နန်းတော်နားက သမိုင်းဝင် နေရာ တချို့ကိုတော့ ဝင်ရောက်ခြင်း မရှိဘဲ ကပ်ကပ်ပြီး ကျော်သွားတတ်ကြတယ်၊ အရောက်အပေါက် နည်းကြပါ တယ်။ စစ်တပ်အဝန်းအဝိုင်း ထဲမှာရှိလို့ တချို့နေရာတွေကို ဝင်ခွင့် ကန့်သတ်ထားပေမယ့် အောက်မှာ ဖော်ပြမယ့် နေရာ ၉ နေရာ ကတော့ လူတွေ

မိုးက သည်းသည်း…..စက်ဘီးသမားတွေကရဲရဲ

Image

မဲပေးဖို့အရေး… ဒါဖတ်ပါ…

Image

" မန္တလေးတိုင်းမှာ NLDအခက်တွေ့နိုင်မယ့် မဲဆန္ဒနယ်မြေတွေရှိတယ်"

- by အေးမွန်ရာပြည့် | 09 Oct 2015 (ဧရာဝတီသတင်းစာမျက်နှာမှတဆင့် ကူးယူဖော်ပြပါသည်။) မန္တလေးတိုင်းဒေသကြီး အတွင်းမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီအနေနဲ့ ၂၀၁၅ ရွေးကော်ပွဲအတွက် အကြိတ်အနယ် ယှဉ်ပြိုင်ရမယ့် မဲဆန္ဒနယ်မြေ တချို့ ရှိနေပါတယ်။ သေချာလေ့လာ သုံးသပ်ပြီး သိရသလောက်ကတော့ NLD ပါတီအနေနဲ့ မန္တလေးတိုင်းအတွင်းမှာ ရေကုန်ရေခမ်း ယှဉ်ပြိုင်ရမယ့် နေရာ ၉ နေရာခန့် ရှိနေပါတယ်။ ဒီအထဲမှာမှ အသည်းအသန် ပုဝါမကူရေမရှုကြေး ယှဉ်ပြိုင်ရမယ့် နယ်မြေတွေကတော့ ၃ နေရာပါ။ အဲ့ဒါတွေကတော့ စစ်တပ်မြို့လို့ အများကသိကြတဲ့ ပြင်ဦးလွင် မဲဆန္ဒနယ်၊ တပ်အများစု အခြေစိုက်တဲ့ မိတ္ထီလာ မဲဆန္ဒနယ်နဲ့ လက် ရှိ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဝင်ရောက်ယှဉ်ပြိုင်မယ့် ရမည်းသင်းမြို့နယ် မဲဆန္ဒနယ်တွေပဲ ဖြစ်ပါတယ်။ ရမည်းသင်းခရိုင် အမျိုးသားလွှတ်တော်နေရာအတွက် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေး ပါတီ(ကြံ့ခိုင်ရေး)ကနေ ဦးခင်အောင်မြင့် ဝင်ပြိုင်မှာဖြစ်ပါတယ်။ ဦးခင်အောင်မြင့်ဟာ လက်ရှိအချိန်မှာလည်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ တစ်ဦးဖြစ်နေတဲ့အတွက် အမှန် တကယ်အားစိုက်ပြီး မဲဆွယ်စည်းရုံးရမှာ ဖြစ်ပါတယ်။ ဒါ့အပြင်လည်း ရမည်းသင်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)

မလုံခြုံတော့သော ဆိုင်ကယ်မြို့တော် မန္တလေး

Image