Posts

Showing posts with the label ပြည်တွင်းထုတ်ကုန်

စစ်ကိုင်းဂီတာအိုး

Image
  မြန်မာနိုင်ငံကနေဂီတာတွေ ထုတ်လုပ်နေတဲ့ အဓိကမြို့ကြီး ၃ မြို့ ရှိတယ်။ ရန်ကုန်၊ မန္တလေးနဲ့ စစ်ကိုင်းမြို့တို့ပဲ ဖြစ်တယ်။ အားလုံးထဲမှာလက်ရာပိုင်းသေသပ်ကောင်းမွန်မှု၊ ခိုင်ခံ့မှုနဲ့ အသံထွက်ကောင်းမွန်မှုတွေမှာပိုမိုသာလွန်တယ်ဆိုပြီးနာမည်ကျော်ကြားတာကတော့ စစ်ကိုင်းမြို့ကထွက်တဲ့ ဂီတာတွေပဲ ဖြစ်ပါတယ်။ ဂီတာချစ်သူတွေကတော့ စစ်ကိုင်းအိုးလို့ အလွယ်တကူခေါ်ကြတယ်။ ·           စစ်ကိုင်းမြို့ရဲ့ ထုတ်ကုန်တွေထဲမှာစဉ့်အိုး၊ မြေအိုးတွေ နာမည်ကျော်ကြားသလိုစစ်ကိုင်းဂီတာအိုးကလည်းထင်ရှားလှတယ်။ ပြည်တွင်းထုတ်ဂီတာတွေထဲမှာကို  စစ်ကိုင်းဂီတာတွေဟာအရည်အသွေး မြင့်မားမှုကြောင့် ရန်ကုန်၊ မန္တလေးကထွက်တဲ့ ဂီတာတွေရဲ့ အထက်မှာကိုမားမားမတ်မတ်ရပ်တည်နေတယ်။ အခုချိန်မှာတော့ မြန်မာပြည်ဂီတာဈေးကွက်မှာစစ်ကိုင်းဂီတာတွေဟာသူတို့ထက် ဈေးနှုန်းသက်သာမှုရောအရည်အသွေးပါ ပိုမိုသာလွန်လှတဲ့ တရုတ်ဂီတာတွေနဲ့ အကြိတ်အနယ်ယှဉ်ပြိုင်နေရတယ်။ နောက်ပိုင်းမှာလည်းစစ်ကိုင်းဂီတာတွေဟာဈေးနှုန်းမြင့်တက်ဖို့သာရှိပြီးအရည်အသွေးကတော့ တန့်ခံနေသလို ဖြစ်နေမှာကြောင့် ဒီဂီတာတွေဟာတဖြည်းဖြည်းမှေးမှိန်သွားဖို့နဲ့ ပျောက်ကွယ...

"ဂိုးဂိုးဂေါက်ဂေါက် ခုံဖိနပ်တို့ရဲ့ အနာဂတ်"

Image
ခုံဖိနပ်ပြုလုပ်နေသည့် မြင်ကွင်းများ (ဓာတ်ပုံ- အေးမွန်ရာပြည့်) ‘ မိုးစိုစီး’လို့ နာမည်ပြောင်ပေးထားတဲ့ဖိနပ်ကို သိကြပါသလား။  ခုခေတ်ပေါ် ရာဘာဖိနပ်တွေလို မပူဘူး။ မချော် ဘူး။ ရိုးရှင်းတယ်။ ခိုင်ခံ့တယ်။ တခြားဖိနပ်တွေနဲ့ လုံးဝမတူတဲ့ ထူးခြားချက်တချက် ဒီဖိနပ်မှာ ရှိတယ်။ သူ့ရဲ့ထူးခြားချက်ကြောင့် ဒီဖိနပ်စီးထားသူဟာ အခြား သာမန်ဖိနပ်စီးထားသူတွေနဲ့ယှဉ်ရင် လူတွေကြားမှာ ပိုပြီး ထူးထူး ခြားခြား ပေါ်လွင်နေလေ့ရှိတယ်။ လူတွေရဲ့ အထူးတလည် စိတ်ဝင်စားခြင်းကိုလည်း ခံရတတ်တယ်။ ဘာကြောင့်လည်းဆိုတော့ ဒီဖိနပ်စီးထားပြီး လမ်းလျှောက်လိုက်ရင် ဂိုးဂိုးဂေါက်ဂေါက်နဲ့ အသံစွာကျယ်စွာကျယ် ထွက်နေ တတ်လို့ပါပဲ။ ဒီလိုအသံထွက်နေလို့ ဆရာတင်မိုးက ‘ခုံဖိနပ်ကြီး ဂိုးဂိုးဂေါက်ဂေါက်’ ဆိုတဲ့ ခေါင်းစဉ်နဲ့ ကဗျာစပ်ခဲ့တာပါ။ ဖိနပ်က ထွက်လာတဲ့ တဂေါက်ဂေါက် အသံကိုက ဒီဖိနပ်ရဲ့ ဆွဲဆောင်မှုတခု၊ သင်္ကေတခုလို ဖြစ်နေတယ်။ လူကြီး၊ လူ လတ်ပိုင်းအရွယ်တွေကတော့ ဂိုးဂိုးဂေါက်ဂေါက်ဆိုတာနဲ့ အသားခုံဖိနပ်လေးတွေကို မျက်လုံးထဲ ပြေးမြင်ကြတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်နှစ်စုကျော်ကာလတွေတုန်းကတော့ အမျိုးသား၊ အမျိုးသမီး၊ ကြီးကြီးငယ်ငယ် အရွယ်ပေါင်းစုံဟာ ခုံဖိ နပ်တွေနဲ့ တ...

အင်းတော်မြို့ကစည်လုပ်ငန်း

Image
အင်းတော်မြို့က စည်လုပ်ငန်း ဓာတ်ပုံ - အေးမွန်ရာပြည့် (ဧရာဝတီသတင်းစာမျက်နှာ) စည်တော်ကြီး၊ ဆိုင်းဝိုင်း၊ ဒိုးပတ်၊ ရှမ်းအိုးစည်အစရှိတဲ့ တူရိယာတွေ ထုတ်လုပ်နေတဲ့ ဆရာပွဲရဲ့ စည်လုပ်ငန်းက ပုံတွေပါ။  မြန်မာပြည်အထက်ပိုင်းမှာတော့ ဆရာပွဲရဲ့စည်လုပ်ငန်းဟာ တော်တော်နာမည်ကျော်တယ်။ အင်းတော်မြို့နဲ့အနီးတဝိုက်သာမက မြန်မာပြည်အထက်ပိုင်းဒေသတော်တော်များများကို ပို့နေရတယ်။ အင်းတော်မြို့ဟာ စစ်ကိုင်းတိုင်းအတွင်းမှာရှိတဲ့ မြို့တမြို့ဖြစ်ပါတယ်။ ကသာမြို့ကနေ အင်းတော်မြို့အထိ ၁၈ မိုင်ဝေးပါတယ်။  ၁၉၇၁ လောက်ကစပြီး စည်လုပ်ငန်းလုပ်ခဲ့တာဖြစ်လို့ အခုဆိုရင် ဆရာပွဲရဲ့စည်လုပ်ငန်းလုပ်သက်ဟာ ၄၅ နှစ်ထဲရောက်နေပါပြီ။ အထက်ပိုင်းကထွက်တဲ့ သစ်တွေရဲ့ အရည်အသွေးကောင်းမှုကြောင့် စည်တွေရဲ့ အရည်အသွေးဟာ တခြားဒေသထုတ် စည်တွေထက်ပိုပြီး အရည်အသွေး ပိုကောင်းတာဖြစ်တယ်လို့ အဲ့ဒီလုပ်ငန်းက တာဝန်ရှိသူ ဦးကျော်ညွန့်က ပြောတယ်။  ပွဲရှိတဲ့ တပို့တွဲ တပေါင်းတန်ခူးကာလတွေမှာကတော့ ရောင်းအားကောင်းတတ်ပြီး ပွဲမရှိတဲ့အချိန်တွေမှာတော့ ရောင်းအားပါးတယ်။ လုံးဝ မရောင်းရတာမျိူးတော့ မရှိဘူးလို့ ဦးကျော်ညွန့်က ပြောပါတယ်။ စည်ထုတ်လုပ်ဖို့ ကုက္ကို၊ ယမနေနဲ့ သရက်အစရှိတ...

ကန္နားတော်ရွာ က မြန်မာ့ဂျပ်စက္ကူ ရုပ်ကလေးတွေ

Image
(ဒီဗွီဘီသတင်းစာမျက်နှာမှ တဆင့်ကူးယူဖော်ပြပါသည်။) မြန်မာလူမျိုးတွေက လာဘ်ကောင်အဖြစ် ဆောင်လေ့ရှိတဲ့ ဇီးကွက်ရုပ်၊ ပစ်တိုင်းထောင်ရုပ်တို့လို ဂျပ်စက္ကူအရုပ်တွေ ဘယ်ကလာသလဲ လမ်းစရှာကြည့်ရင် စစ်ကိုင်းမြို့အနီးက ကန္နားတော်ရွာကို တွေ့ရပါမယ်။ ကန္နားတော်ရွာက ဂျပ်စက္ကူ အရုပ်လေးတွေကို ရွာလုံးကျွတ်ထုတ်လုပ်တဲ့ မြန်မာနိုင်ငံက တခုတည်းသော ရွာကလေးပါ။ ရွာလေးက သေးသေးလေးဆိုပေမယ့် သူ့ရဲ့ သမိုင်းကြောင်းနဲ့ ရာဇဝင်ကတော့ မသေးလှပါဘူး။ ရွာရဲ့သက်တမ်း နှစ်ပေါင်း ရာနဲ့ခဲ့ပါပြီ။ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀၀ လောက်က အင်းဝဘုရင် ဒုတိယ ဘုရင်မင်းခေါင် တည်ထားခဲ့တဲ့ အဘယဘုရားနဲ့အတူ ဆက်စပ်ပြီး ဖြစ်တည်ခဲ့တဲ့ ရွာကလေးပါ။  အဘယဘုရားရဲ့ အနောက်ဘက်မှာရှိတဲ့ နတ်ကွန်းမှာ ကန္နားပေးလေ့ ရှိရာကတဆင့် ကန္နားတော်ရွာဆိုပြီး ပေါ်ပေါက်ခဲ့တာပဲ ဖြစ်ပါတယ်။ အခု စာဖတ်သူတွေကို တင်ပြမှာကတော့ ကန္နားတော်ရွာအကြောင်း မဟုတ်ပါဘူး။ ကန္နားတော်ရွာက ရိုးရာလက်ဖြစ် ဂျပ်စက္ကူ ရုပ်လုပ်ငန်း အကြောင်းပဲ ဖြစ်ပါတယ်။ ကန္နားတော်ရွာမှာ ဂျပ်စက္ကူ ရုပ်တွေ စတင်ပြုလုပ်ခဲ့တာကတော့ နှစ်ပေါင်း ၁၀၀ လောက်ရှိပါပြီ။ တရွာလုံးမှာ အရုပ်အဓိကလုပ်တဲ့ အိမ်စုစုပေါင်း ၃၀ လောက်ရှိတယ်။ တချို့အိမ်တွေက...

ယဉ်ကျေးမှု မြို့တော်ထဲက မန္တလေး ဖိနပ်

Image

နန်းတော်ရှေ့က ဝက်ဆီဖတ် မုန့်ပျားသလက်

Image

သံသပိတ်တွေနေဝင်ချိန်ရောက်ပြီလားးးးး

Image