Posts

Showing posts from May, 2016

"အားလုံးကိုပျော်စေချင်သူ (သို့) ဖေ့ဘုတ်ပေါ်က စတီဗင်ဇော်ကြီး"

Image
ဖေ့ဘုတ်တွင် ဗီဒီယိုဖိုင်များကြောင့် လူသိများလာသူ စတီဗင်ဇော်ကြီး (ဓာတ်ပုံ-အေးမွန်ရာပြည့်) သူက မင်းသားလည်း မဟုတ်သလို မော်ဒယ်ချောချောတယောက်လည်း မဟုတ်ပါဘူး။ သူဟာ အသံ ကောင်းလွန်းလှတဲ့ အဆိုတော်ကောင်းတယောက်လည်း မဟုတ်သလို ပညာရှင်တယောက်လည်း မဟုတ်ပြန်ပါဘူး။ သူ့မှာ စွဲဆောင်မှု အားကောင်းလွန်းလှတဲ့ ညှို့အားအပြင်းစားတွေ မရှိဘူး။ အများက အားကျရလောက်တဲ့ ကိုယ်ခန္ဓာ တောင့်တင်းမှု(ဗလကောင်းကောင်း) မရှိဘူး။ နားထောင်သူတွေ အရည်ပျော်သွားလောက်အောင် စကားပြောကောင်း လှသူလည်း မဟုတ်ပြန်ပါဘူး။ ဒါပေမယ့် သူက နာမည်ကြီးတယောက်ပါ။ သူ့ကို အသက်အရွယ်လူတန်းစားမရွေး အမျိုးသား၊ အမျိုးသမီးတွေ အများစုက ချစ်ကြတယ်။ သူကတော့ ဖေ့ဘုတ် လူမှုကွန်ရက်ပေါ်မှာ နာမည်ကျော်ကြားသူ(ဆယ်လီ) တဦးဖြစ်တဲ့ စတီဗင်ဇော်ကြီး ဆို သူပဲဖြစ်ပါတယ်။ ဖေ့ဘုတ်ကွန်ရက်ပေါ်မှာ သူ့ပရိတ်သတ်တွေ သိန်းချီရှိနေပါတယ်။ ခန္ဓာကိုယ်ပိန်ပိန်ပါးပါးကြောင့် အရပ်ရှည်ရှည် ကိုင်းကိုင်းကြီးရယ်၊ ဇရာကြောင့် အရေးအကြောင်းတွေ ထင်နေပြီဖြစ်တဲ့ ရှည်မျောမျော ရုပ်တည်တည်မျက်နှာကြီးရယ်၊ ပုခုံးကျော်လောက်ထိအောင် ဖားလျားချထားတဲ့ ဆံပင်ရှည်တွေရယ် ဒါတွေဟာ ဦးဇော်ကြီး (စတီဗင်ဇော်ကြီး)ရဲ့သင်္ကေတအမှတ်အသားတွေပ

"သဘာဝအလှတွေနဲ့ နတ်ကျုံးရေတံခွန်"

Image
ဖေ့ဘုတ်လူမှုကွန်ရက်တွေ အသုံးပြုမှုတွေများလာတဲ့နောက်ပိုင်းမှာမှ ပိုပြီးနာမည်ကြီးလာတဲ့ ရေတံခွန်လေး တခုနဲ့ စာဖတ်သူတွေကို မိတ်ဆက်ပေးပါရစေ။ ပြင်ဦးလွင်မြို့အနီးတဝိုက်မှာပဲရှိပြီး လမ်းပန်းဆက်သွယ်ရေးကလည်းကောင်း၊ ဓာတ်ပုံရိုက်လို့ကလည်း အဆင်ပြေ၊ ပြီး တော့ လာရောက်လည်ပတ်သူတွေလည်း သိပ်အများကြီးမရှိသေးတဲ့ ရန်ကုန်ကျောင်းရေတံခွန်ဆိုတာပဲဖြစ်ပါတယ်။ နတ်ကျုံးတောထဲက ရန်ကုန်ကျောင်းအမည်ရ ဘုန်းကြီးကျောင်းပရဝုဏ်ထဲမှာရှိတဲ့အတွက် ရန်ကုန်ကျောင်းရေတံခွန်၊ နတ်ကျုံးရေတံခွန်လို့ အမျိုးမျိုးခေါ်ဝေါ်ကြတယ်။ ရန်ကုန်ကျောင်းရေတံခွန်မတိုင်ခင်ကတော့ ပြင်ဦးလွင်ကို အလည်လာကြသူတွေ အများဆုံး မဝင်မဖြစ်ဝင်ပြီး ရေချိုး၊ ရေကစားလေ့ရှိကြတာက ပွဲကောက်ရေတံခွန်ပါ။ ဘီအီးဖော(BE Fall)လို့လည်း အများက သိကြတယ်။ ပြင်ဦးလွင်မြို့ အဝင်က နာမည်ကြီး ဓာတ်တော်ချိုင့်ရေတံခွန်ကတော့ အတက်အဆင်းကြမ်းပြီး ပင်ပန်းလွန်းလို့ သိပ်မသွားကြပါဘူး။ ပြီးခဲ့တဲ့တနှစ်၊ နှစ်နှစ်အတွင်းမှာတော့ ပြင်ဦးလွင်ကို လာရောက်လည်ပတ်သူတွေဟာ ရန်ကုန်ကျောင်း(နတ်ကျုံး) ရေတံခွန် ကို အသစ်အဆန်းနေရာတခုအဖြစ် အသွားအလာ များလာကြတယ်။ ဒီရေတံခွန်ကို အရောက်သွားချင်ရင်တော့ ပထမဆုံးအနေနဲ့ ရန်ကုန်ကျော

"မြန်မာနိုင်ငံရဲ့ ပထမဆုံးပြည်တွင်းဖြစ် cable chair"

Image
နိုင်ငံတကာမှာတော့ တနေရာက တနေရာ အချိန်ကုန်သက်သာပြီး လွယ်ကူ လျင်မြန်စွာ သွားနိုင်အောင်၊ ရှုခင်းရှုကွက်တွေကို စိတ်ကြိုက် ကြည့်ရှုခံစားနိုင်အောင် ပြည်တွင်းပြည်ပ ဧည့်သည်အဝင်များတဲ့နေရာတွေမှာ ရွေ့လျား စနစ်ဖြစ်တဲ့ cable car တွေ၊ cable chair တွေကို အသုံးပြုကြပါတယ်။ ဒီရွေ့လျားစနစ်တွေကို တည်ဆောက်မယ်ဆိုရင်  အမေရိကန်ဒေါ်လာတွေ သန်းချီအသုံးပြုကြရပါတယ်။ ဒီလို ထိုင်ခုံတွေ ကို သိပ်မကြာခင်အချိန်အတွင်းမှာပဲ အဲဒီလောက် ငွေကြေးများစွာ မသုံးစွဲဘဲ သင့်တင့်လျောက်ပတ်တဲ့ မြန်မာကျပ်ငွေနဲ့ တင် ပြည်တွင်းမှာ တည်ဆောက်နိုင်တော့မှာပါ။ ဘာလို့လဲဆိုတော့ ရွေ့လျားထိုင်ခုံစနစ်ကို မြန်မာလူမျိုး၊ မန္တလေးသားတဦးဖြစ်တဲ့ ဦးကျော်ကျော်ဆိုသူက အောင်မြင်စွာ စမ်းသပ် ထုတ်လုပ်နိုင်ခဲ့လို့ပါပဲ။ လက်ရှိအချိန်မှာ သူဟာ cable chair (ရွေ့လျားထိုင်ခုံ)ကို ၇၅ရာခိုင်နှုန်းအောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ပါပြီ။ ၆၅နှစ် အရွယ်ရှိပြီဖြစ်တဲ့ ဦးကျော်ကျော်တယောက် cable chair ကို စတင်စမ်းသပ်ဖြစ်ခဲ့တဲ့ ရည်ရွယ်ချက်ကတော့ ဒီလို ပါတဲ့။ မန္တလေးမြို့ဝန်းကျင်အနီးနားက တောင်တွေပေါ်မှာ တည်ထားတဲ့ ဘုန်းကြီးကျောင်းတွေဟာ ရေ၊ စားစရာ အစရှိတာတွေ ရှားပါးခက်ခဲကြတယ်။ တောင်ပေါ်ကိ

"နှစ်တရာကျော် မြစ်ငယ်မြို့က လခချဈေး"

Image
ပူခြစ်တောက်နေတဲ့ နေရောင်အောက်မှာ ရောင်စုံထီးကြီးတွေ တမေ ျှာ်တခေါ် ရှည်လျားစွာရှိနေပြီး ဈေးဝယ်သူ၊ ဈေးရောင်းသူတွေ အပူဒဏ်ကို လျစ်လျူရှုပြီး ရောင်းဝယ်ဖောက်ကားနေကြပါတယ်။ ဈေးဝယ်လာသူတချို့က ယပ်တောင်တွေကို လက်ကကိုင် တဖျတ်ဖျတ်ခတ်ရင်း ဈေးမှာ ရောင်းချနေတဲ့ ပစ္စည်းတွေကို စိတ်ဝင်တစား လိုက်ပါ ကြည့်ရှုကြပါတယ်။ ဈေးသည်တွေကလည်း အားကြိုးမာန်တက် နွေအပူကြားမှာ သူတို့ရဲ့ ကုန်ပစ္စည်း တွေကို ရောင်းချဖို့ စိတ်အားထက်သန်နေကြသလို ဈေးဝယ်သူတွေကလည်း ဇွဲကြီးစွာကို အပုူဒဏ်ကို အံတု ရင်း ကုန်ပစ္စည်းတွေ ဝယ်ယူဖို့ စိုင်းပြင်းနေကြတယ်။ ဒီဈေးလေးက မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ မြစ်ငယ်မြို့မှာ ရှိနေတာဖြစ်ပြီး အခြားဈေးနဲ့မတူ အရမ်းထူးခြားတဲ့ဈေးဖြစ်ပါတယ်။ ဈေးနာမည်ကလည်း လခချဈေး ဖြစ်ပြီး အလွယ်ခေါ်ဆိုကြတာကတော့ လခဈေးဖြစ်ပါတယ်။ ဈေးဆိုတာဟာ ဝယ်သူရောင်းသူတွေနဲ့ နေ့စဉ် စည်ကားနေတဲ့ နေရာဖြစ်ပေမယ့် မြစ်ငယ်မြို့က လခချဈေးကတော့ တလမှာ လခထုတ်ရက်တရက်တည်းကိုသာ ရောင်းချတဲ့ ဈေးဖြစ်ပါတယ်။ ဒီဈေးဖြစ်ပေါ်လာပုံကလည်း ကိုလိုနီခေတ်မှာ ဖြစ်ပေါ်ခဲ့တာဖြစ်ပြီး မြန်မာ့လွတ်လပ်ရေးမရခင် ၁၉၁၁ ခုနှစ်မှာ အင်္ဂလိပ်အစိုးရက မြစ်ငယ်မြို့လေးမှာ မီးရထားလူစီးတွဲနဲ့ ကုန်တွဲ

မန္တလေးမြို့က ရောင်းသူမဲ့အအေးဆိုင်

Image
နေပူပူမှာ မောပန်းသမျှ ပြေစေဖို့ ရေသန့်ဘူးနှင့် အအေးဘူးများ ရောင်းချပေးနေပါသည် –       ရေသန့်ဘူး တဘူး ၃၀၀ကျပ် –       အအေးတပုလင်း ၃၀၀ ကျပ် မိတ်ဆွေကို ယုံကြည်လို့ လူစောင့်မထားပါခင်ဗျာ၊ ပိုက်ဆံဘူးထဲမှာ ပိုက်ဆံ ထည့်ပေးသွားပါ။ ပြန်အမ်းငွေလည်း ဒီကပဲ ယူသွားပေးပါခင်ဗျာ” လွန်ခဲ့တဲ့ရက်ပိုင်းအတွင်းက ဖွင့်လှစ်ခဲ့တဲ့ မန္တလေးမြို့ရဲ့ပထမဆုံးသော ရောင်းသူမဲ့ အအေးဆိုင်လေးမှာ ကြော်ငြာထား တဲ့စာသားလေးတွေပဲ ဖြစ်ပါတယ်။ ကြော်ငြာလည်း မကျ၊ ဆိုင်းဘုတ်လည်း မကျတဲ့ ဒီစာသားလေးတွေကို ဗီနိုင်းရှည်ရှည် လေးပေါ်မှာ ရေးပြီး သစ်ပင်မှာ ချိတ်ထားတယ်။ သူ့ရဲ့နံဘေးမှာတော့ ရေခဲထည့်တဲ့ ဖော့ပုံးဖြူဖြူ လေးထောင့်ပုံးလေး တပုံး။ ဖွင့်ကြည့်လိုက်ရင် အထဲမှာ ရေသန့်ရေခဲလုံး လုံးလေးတွေ ဖုံးနေတဲ့ အအေးပုလင်းရောင်စုံကို တွေ့ရမယ်။ ပြီးရင်တော့ အအေးတွေနဲ့ ရောထားတဲ့ ပိုက်ဆံထည့်ထားတဲ့ ပလတ်စတစ်ဘူးလေးကိုလည်း တွေ့ရမယ်။ ဒီအအေးဆိုင်စဖွင့်တဲ့နေ့က အင်တာနက်ဖေ့ဘုတ်စာမျက်နှာတွေပေါ်မှာ ဆိုင်ရဲ့ဓာတ်ပုံတွေ၊ သတင်းတွေဟာ ပလူပျံနေခဲ့ တဲ့အပြင် မန်းမြို့သူမြို့သားတွေ အချင်းချင်းအကြားမှာပါ ပြောစမှတ်တွေကို တွင်ခဲ့ပါတယ်။ မန္တလေးမြို့အတွက် ပထမဆုံး သော ရောင်းသူမဲ့ဆိုင်လေ