Posts

Showing posts from June, 2015

ရှေးရိုးစွဲသမားတွေကြားက ဂရပ်ဖတီသမား

Image
ကုန်းဘောင်ခေတ်က လူသိအလွန်များတဲ့ ကနောင်မင်းသားကြီး ရဲ့ အနွယ်တော်တယောက်က ခေတ်ပေါ် ဂရပ်ဖတီ ပန်းချီဆရာ ဖြစ်နေတာ တွေ့ရရင် ရှေးရိုးစွဲသမားတွေ ဘယ်လိုများ ခံစားမိကြမှာပါလဲ။ စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ မစ္စတာ အိုဘားမား ရန်ကုန်ကို လာတုန်းက သူ့ပုံကို လူငယ်တယောက်က အဆင့်ရှိရှိ ဂရပ်ဖတီနဲ့ ရေးဆွဲကြိုဆိုထားတာကို အတွေးအမြင်ဟောင်းသူတွေက ဖုံးဟယ်ဖယ်ဟယ် လုပ်ဖူးတယ်။ အသက် ၁၉ နှစ်အရွယ်သာ ရှိသေးတဲ့ မန္တလေးမြို့က မောင်လင်းပင်ဇော်က ကနောင်မင်းသားကြီးရဲ့သား ဖြစ်သူ လင်းပင်မင်းသားကြီးရဲ့ ဆွေမျိုးအနွယ်တော်တွေထဲက ဆင်းသက်လာပေမယ့် ထီးဆန်ဆန် နန်းဆန်ဆန် နေရတာထက် ခေတ်ပေါ်ဂရပ်ဖတီပန်းချီတွေ ရေးဆွဲဖို့ကိုသာ ပိုပြီးစိတ်ပါဝင်စားတဲ့ ခေတ်မီမီ မင်းမျိုးမင်းနွယ် အမျိုးသားလူငယ်တယောက် ဖြစ်တယ်။ စာဖတ်သူတွေက မင်းမျိုးမင်းနွယ်ထဲက ဆင်းသက်လာသူတယောက်မို့ ထီးဟန်နန်းဟန်အပြည့်နဲ့ ရိုးရိုးအေးအေးကြီးသာ နေထိုင်ပြီး အပြောအဆိုကအစ နန်းဆန်မယ်လို့ ထင်ကြမှာဖြစ်ပေမယ့် တကယ့်တန်းလက်တွေ့မှာတော့ အပုံကြီးကွာခြားနေပါတယ်။ လင်းပင်မင်းသားကြီးနဲ့ မျိုးရိုးတော်ဆက်သူတဦးဖြစ်လို့ လင်းပင်အမည်ကို နာမည်အရှေ့မှာထည့်ထားတာဖြစ်တယ်လို့ သူ့ဆွေတော်မ

အမှတ်တရသစ်ပင်နဲ့ အမှတ်တရကျောက်တုံးတွေ ရှိတဲ့နေရာ

Image
မန္တလေး အမရပူရ တောင်သမန် အင်းစောင်းမှာ အမှတ်တရသစ်ပင်၊ အမှတ်တရ ကျောက်တုံး တွေထားဖို့ စိတ်ကူး စတာက သမိုင်း ပါမောက္ခ ဆရာကြီး ဒေါက်တာ သန်းထွန်းပဲ ဖြစ်ပါတယ်။ ဆရာကြီးက ဂျပန်နိုင်ငံက တက္ကသိုလ်တစ်ခုမှာ ဧည့်ပါမောက္ခအဖြစ် သွားရောက်တာဝန်ထမ်းဆောင်နေတဲ့ အချိန်မှာ သူတို့ဆီက အထင်ကရ ကျော်ကြားတဲ့ ပုဂ္ဂိုလ်တွေရဲ့အမည်တွေကို တက္ကသိုလ်တွေထဲမှာ အမှတ်တရ ကျောက်တုံးတွေ လုပ်၊ အမှတ်တရ သစ်ပင်တွေစိုက်ပြီး ဂုဏ်ပြုထားတာကို တွေ့မြင်ခဲ့ပါတယ်။ အဲ့ဒီလိုမြင်ခဲ့ပြီးတဲ့နောက်ပိုင်းမှာ မြန်မာနိုင်ငံလည်းလုပ်ဖို့ စိတ်အား ထက်သန်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့ကြောင့်ဆရာကြီးကပဲ ဦးဆောင်ပြီး ၁၉၉၀ နဲ့ ၁၉၉၁ ခုနှစ်တွေမှာ လူထုဦးလှနဲ့ ဆရာတော် ရွှေကိုင်းသား တို့အတွက် အမှတ်တရ ကျောက်တုံး၊ သစ်ပင်တွေကို စတင်ပြုလုပ်တယ်။ လုပ်ပြီးပြီးချင်းမှာ ကျောက်တုံးတွေကို မန္တလေးမြို့က သာသနာ့တက္ကသိုလ် ထဲမှာ ထားဖို့ရည်ရွယ်ခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် မြတောင်ပရိယတ္တိ စာသင်ကျောင်းထဲမှာသာ ထားရှိခဲ့ရပါတယ်။ ဒီနေ့အချိန် ထိ လည်း မြတောင် ကျောင်းတိုက်ထဲမှာ အဲ့ဒီအမှတ်တရ ကျောက်တုံး နှစ်ခုနဲ့ သစ်ပင်နှစ်ပင်ကို ထိန်းသိမ်းထားဆဲဖြစ်ပါတယ်။ အခုအချိန်မှာ မြတောင် ကျောင်းတိုက်ထဲကို

လွမ်းမောဖွယ် မန္တလေးတက္ကသိုလ်

Image
တက္ကသိုလ် ပင်မဆောင်ကြီးရှေ့ လှေကားထစ်ကလေးတွေမှာ ကျောင်းသားတွေ ကိုယ့်အုပ်စုလေးတွေနဲ့ ကိုယ် အဖွဲ့လိုက်ထိုင်ပြီး စနောက်နေကြတယ်။ တချို့ကလည်း နှစ်ယောက်တတွဲ လေးတွေပေါ့။ တဦးကတော့ အတန်းချိန် နောက်ကျနေလို့ ဖြစ်မယ်၊ စက်ဘီးတစီးကို သုတ်သုတ်ပျာပျာ နင်းလာပြီး ဖြစ်သလို ရပ်လိုက်တယ်။ လွယ်အိတ် နှစ်အိတ်ကို စလွယ်သိုင်းပြီး ပခုံးမှာ လွယ်ထားတယ်။ လက်ထဲမှာလည်း စာအုပ်အထူကြီး ငါးအုပ်လောက်ကို မနိုင်မနင်း ပုံစံနဲ့ ပိုက်ကာ သူရဲ့ စာသင်ခန်းရှိရာကို ပြေးသွားနေတယ်။ ပင်မဆောင်ကြီးရဲ့ အရှေ့ကွက်လပ် မြက်ခင်းပြင်ပေါ်မှာလည်း ကျောင်းသူကျောင်းသားတွေ လွတ်လွတ်လပ်လပ် ထိုင်ပြီး စကားစမြည် ပြောနေကြတယ်။ တကယ့်ကို တက္ကသိုလ် ကျောင်းသားဘဝ အပြည့်ရစေတဲ့ မြင်ကွင်းမျိုးတွေ ပေါ့။ တော်ရုံတန်ရုံ ကလေးတယောက် အဲဒီမြင်ကွင်းကို မြင်ပြီးရင် အဲဒီလို တက္ကသိုလ် ကျောင်းသားဘဝကို ခံယူနိုင်ဖို့ ကြိုးစားကြမှာ အသေအချာပါပဲ။ တကယ်တော့ ဒီမြင်ကွင်းတွေဟာ မြန်မာနိုင်ငံက တက္ကသိုလ် ကျောင်းသားတွေရဲ့ ပုံရိပ်တွေ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က မြန်မာနိုင်ငံမှာ ရှိတဲ့ ကိုရီးယား ဇာတ်လမ်းတွဲ ချစ်သူတွေ အကြားမှာ ဝက်ဝက်ကွဲ အောင်မြင်ခဲ့တဲ့ “တခါတုန်းက တက္ကသိုလ်” ကိုရီးယား ဇ

သံသပိတ်တွေနေဝင်ချိန်ရောက်ပြီလားးးးး

Image

မိုးပေါ်က လုံးတုံးလုံးတုံး မန္တလေးက အားပေးတဲ့ ဘောလုံး

Image
မန္တလေးမြို့ရဲ့ အဓိကလမ်းမကြီးတခုဖြစ်တဲ့ ကျုံးတောင်ဘက်လမ်း တနေရာကို လူအုပ်ကြီးက သိမ်းပိုက်ထားလိုက်ပါပြီ။ လမ်းမဘေး ဝဲယာတဘက်တချက်စီမှာ ဆိုင်ကယ်တွေ ဖြစ်သလိုရပ်ထားတယ်။ ကားတစီးစာစီ ဖြတ်သန်းမောင်းနှင်လို့ ရအောင်တော့ လမ်းကို ချန်ပေးထားတယ်။ တချို့ဆိုင်ကယ်တွေက လမ်းလယ်ကျွန်းရဲ့ ဟိုဘက်ဒီဘက်တလျှောက်မှာ။  တချို့ဆိုင်ကယ်တွေပေါ်မှာ လူတွေက အမိန့်သားထိုင်နေတယ်။ ရေတမာပင်တွေ စီတန်းစိုက်ထားတဲ့ လမ်းလယ်ကျွန်းပေါ်မှာ လူတွေက ထိုင်တချို့၊ မတ်တတ်တချို့။

ကမ္ဘာ့အကြီးဆုံးစာအုပ်ထဲမှ ပန်းကလေးတစ်ပွင့်

Image
ဘုရားတန်ဆောင်းအတွင်း အုတ်ခုံပေါ်တွင်ထိုင်နေသည့် သမီးရည်းစားစုံတွဲတစ်တွဲရှေ့၌ရပ်ကာ စံပယ်ပန်းကုံးတစ်တွဲချိတ်ထားသည့်လက်ကို ဆန့်တန်းလိုက်သည်။ အမျိုးသမီးဖြစ်သူက သူမရှေ့တွင်ရပ်နေသည့် ကလေးငယ်နှင့် ငါးမိနစ်ခန့်စကားပြောပြီး ပန်းတစ်တွဲကိုယူကာ ငါးရာတန် တစ်ရွက်ကို ထုတ်ပေးနေသည်။ ကလေးငယ်က ငါးရာတန်ကို လက်ထဲတွင်ပိုက်ထားသည့် စံပယ်ပန်းကုံးများဖြင့် ပြည့်မောက်နေသည့် စကောဗန်းထဲသို့ ထိုးထည့်လိုက်ပြီး ပန်းဝယ်မည်ဟု ယူဆရသည့် နောက်ထပ်ဧည့်သည်များကို ဘုရားဝင်းတစ်ပတ်ပတ်ကာ ရှာဖွေနေသည်။ မင်းတုန်းမင်းတရားကြီးတည်ထားခဲ့သည့် မန္တလေးမြို့ရှိ ကုသိုလ်တော်ဘုရားအတွင်းသို့ လာရောက်သည့် ဧည့်သည်များအား တစ်မနက်ခင်းလုံး ပန်းလိုက်ရောင်းနေသည့် မိန်းကလေးငယ်တစ်ဦး၏ ပုံရိပ်များပင်ဖြစ်သည်။ ကမ္ဘာ့အကြီးဆုံးစာအုပ်ကြီးဟုထင်ရှားပြီး င်ငံခြားသားခရီးသွားဧည့်သည်ရော ပြည်တွင်းခရီးသွားဧည့်သည်များပါ နေ့စဉ်စည်ကားနေသည့် အဆိုပါဘုရားကြီးကိုမှီခိုပြီး အသက်မွေးဝမ်းကျောင်းရှာနေရသူများကလည်း ဒုနှင့်ဒေး။ ၎င်းတို့အထဲတွင် မျိုးရိုးစဉ်ဆက်ပန်းရောင်းကာ အသက်မွေးခဲ့သည့် ၎င်းတို့မိသားစုတစ်စုမှာလည်း တစ်စု အပါအဝင်ပင်ဖြစ် သည်။ သနပ်ခါးပါးပါးကို ညက်နေအောင်လိမ်းထားသည

အတိတ်ရဲ့အရိပ်များရှိရာ ဘားနာ့ဒ်ရွာဆီ

Image
နှစ်တစ်ရာကျော် သက်တမ်းရှိပြီဖြစ်တဲ့ ဗြိတိသျှစစ် သင်္ချိုင်း နဲ့ ယနေ့ခေတ်ပေါ် ဘက်ဟိုးကား ကြီးတွေ၊ ကျောက်တူးစက်ကြီး တွေနဲ့ အားရပါးရ ကျောက်တူး ဖော်ရေးလုပ်ကိုင်နေကြတဲ့ မြင်ကွင်းတွေကို တစ်စုတစ်စည်းတည်း  မြင်တွေ့ရမယ့်ဒေသ။ မိုးကုတ်မြို့ ကို သိမ်းဖို့ ၁၈၈၆ ခုနှစ်ဝန်းကျင် လောက်ကတည်းက အင်္ဂလိပ် တွေ အခြေစိုက်စစ်စခန်းဖွင့်ခဲ့တဲ့ ဒေသ။ ပြောင်ခေါင်းစိမ်းတွေ ထွက်လို့ ပြောင်ခေါင်းရွာလို့လည်း မိုးကုတ်ဒေသခံတွေအကြားမှာ နာမည်ကြီးတဲ့ဒေသ။ မြန်မာတစ်နိုင်ငံလုံးကို အင်္ဂလိပ်က သိမ်းပြီးခဲ့ချိန်မှာ တောင်ပေါ်အပန်းဖြေစခန်းမြို့အ ဖြစ် တည်ထောင်ဖို့ လျာထားခဲ့ ပေမယ့် အထမမြောက်ခဲ့တဲ့ ဒေသလည်း ဖြစ်ပါတယ်။ ထိုဒေသကတော့  မြန်မာနိုင်ငံဆိုင်ရာ မဟာမင်းကြီး ဘားနာ့ဒ်ရဲ့အမည်ကို အစွဲပြုပြီး အမည်ပေးခဲ့ တဲ့ ဘားနာ့ဒ်ဒေသပါ။ ဘားနာ့ဒ်ဒေသကို သွားချင် ရင် မိုးကုတ်မြို့ရဲ့ အရှေ့မြောက် ထောင့်က အမြင့်ပေတစ်သောင်း မြင့်တဲ့တောင်ကို အရင်ဆုံးကျော် ဖြတ်ရမှာပါ။ တောင်ကိုကျော်ပြီး ရင် တွေ့ရမယ့် တောင်ကြားလို လို၊ မြေပြန့်လိုလိုဒေသဟာ ဘား နာ့ဒ်ဒေသပါပဲ။ ကားကောင်း ကောင်းနဲ့ဆိုရင် မိုးကုတ်မြို့ကနေ တစ်နာရီကျော်လောက် အချိန်ယူ သွားရတယ်။ ပေတစ်သောင်းမြင့် တဲ့ တော

ဘိုးဘိုးကြီး ‘မ’ စပါ

Image
တိုက်ပုံအဖြူရောင်ဝတ်ထားသည့် အသက်ခြောက်ဆယ်ကျော် အမျိုးသားကြီးတစ်ဦး၏ တိုင်တည်ရေရွတ်သံတွင် အခန်းတွင်းရှိနေသူတွေ ခေတ္တမျှငြိမ်နေသည်။ မောင်းထုသံ တဒူဒူ၊ မြင်းချူဆွဲသံ တချွင်ချွင်ကလည်း ၁၅ ပေ အကျယ်ရှိမည့် အခန်းထဲကနေ ဆက်တိုက်ထွက်ပေါ်လာပြန်သည်။ မြို့ခံအများစုက တစ်မြို့လုံးကို စောင့်ရှောက်ပေးနေသည်ဟု ယူဆထားသည့် မန္တလေးဘိုးဘိုးကြီးအား ရှင်ပြုအလှူမလှည့်မီ လှူမည့်သားသမီး၊ ဆွေမျိုးများအား လာပြနေကြသည့်မြင်ကွင်းပင် ဖြစ်သည်။ ယခုလို တပေါင်းလအချိန်များသည် နွေရာသီကျောင်းပိတ်ချိန်ဖြစ်၍ အလှူပြုလုပ်သူမိသားစု များတတ်သည်။ ပြက္ခဒိန်ပါ ရက်ရာဇာများတွင် တစ်ရက်လျှင် ဘိုးဘိုးကြီးထံလာပြကြရသည့် အလှူပေါင်း နှစ်ဆယ်ကျော် သုံးဆယ်နီးပါးထိ ရှိတတ်သည်။ ယင်းအစဉ်အလာမှာ မန္တလေးမြို့တွင် ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာခဲ့သည်မှာ နှစ်ပေါင်း ၃၀ ခန့်သာ ရှိသေးသည်။ ယခုအခါ ရှင်ပြု၊ အလှူမင်္ဂလာများသာမဟုတ်တော့ စီးပွားရေးကျပ်တည်းမှုများ ကြုံတွေ့ရသည့် အခိုက်အတန့်အချိန်များတွင် ဘိုးဘိုးကြီးအား အားကိုးအားထားရာအဖြစ် ကိုးကွယ်အပူကပ်တောင်းဆိုလာကြခြင်းဖြစ်သည်။ ‘‘စက်ပစ္စည်းဝယ်တာကအစ အလှူအတန်းလုပ်တာတွေအထိ ဘာလုပ်လုပ် ဘိုးဘိုးကြီးကို လာပြပြီးမှပဲ စိတ်ထဲမှာသန့်သ

မန္တလေး ညဈေး ကောက်ကြောင်း

Image
မန္တလေးမြို့မှာ ဒီနေ့အချိန်ထိ လောကဓံအထုအထောင်းမျိုးစုံကို ကြံ့ကြံ့ခံ ရင်ဆိုင်ခဲ့ရတဲ့၊ ရင်ဆိုင်နေရဆဲ နာမည်ကြီးနေရာကို ပြပါဆိုရင် မန္တလေးညဈေးတန်းကို ပြရမှာပဲဖြစ်ပါတယ်။ ဒီညဈေးတန်းကြီးဟာ မန္တလေးမြို့နဲ့အတူ  ကောင်းတလှည့်ဆိုးတလှည့် လောကဓံအပြောင်းအလဲတွေကို ခါးစည်းခံခဲ့ရတဲ့ ရဲဖော်ရဲဖက်ကောင်းတစ်ဦးလည်း ဖြစ်တယ်။ နိုင်ငံရေးစနစ်အပြောင်းအလဲတွေ၊ ခေတ်အဆက်ဆက်အုပ်ချုပ်သူပေါင်းစုံတို့ရဲ့  ဆိုးမွေပေါင်းစုံကို မန္တလေးညဈေးဟာ မြို့လူထုနဲ့အတူ ခံခဲ့ကြရတယ် သူဖြတ်သန်းလာခဲ့ရတဲ့ ခရီးလမ်းကြီးတလျှောက်ဟာ ရှည်လျားခက်ထန်လွန်းလို့ မန္တလေးညဈေးတန်းကြီးဟာ အခုချိန်မှာတော့ အင်အားတွေမရှိသလောက်နည်းနေပြီ။ ဆက်လက်ရပ်တည်ဖို့လည်း တော်တော်ခက်ခဲတဲ့ အနေအထားကို ရောက်နေပြီ။ အသက်ရှင်ရပ်တည်ဖို့ကိုပဲ ပင်ပင်ပန်းပန်း ကြိုးစားအားထုတ်နေရတယ်။ မြင်သာအောင်ပြောရရင်တောသေခါနီး အသက်ငင်နေသလို ဖြစ်နေပါပြီ။ အဲ့ဒီလိုအေးစက်စက်နဲ့ အသက်ငင်နေတဲ့ ညဈေးတန်းကြီးကို မန္တလေးဈေးချိုနာရီစင်ကြီးရဲ့ တောင်ဘက်မှာ သွားရောက်လေ့လာနိုင်ပါတယ်။ အရင်က နာရီစင်ကြီးကို ဗဟိုပြုပြီး လေးဘက်လေးတန် ရှည်လျားခဲ့တဲ့ ဈေးတန်းကြီးတွေနဲ့ ကြီးကြီးကျယ်ကျယ်ပေါ့။ ခြောက်ပေရှစ်ပေ ဆိုင်ခန်းလေးတွ