Posts

Showing posts from November, 2015

မောင်သစ်လွင် (လူထု) ပြောပြတဲ့ လူထုဒေါ်အမာ အမှတ်တရများ

Image
မောင်သစ်လွင် (လူထု) (ဓာတ်ပုံ – ရန်ပိုင် / ဧရာဝတီ) (ဧရာဝတီသတင်းစာမျက်နှာမှတဆင့် ပြန်လည်ကူးယူဖော်ပြပါသည်။) အမေမာလို့ အမြတ်တနိုး ခေါ်ကြတဲ့ လူထုဒေါ်အမာ နှစ် ၁၀၀ ပြည့်မွေးနေ့ပွဲ နီးလာပြီဆိုတော့ အမေမာ အမှတ်တရ စာတွေ၊ ကဗျာတွေ မြိုင်မြိုင်ဆိုင်ဆိုင် ဖတ်နေရပါပြီ။ လူထုဒေါ်အမာကို ၁၉၁၅ နိုဝင်ဘာလ ၂၉ ရက်နေ့မှာ မွေးဖွားခဲ့တာဖြစ်လို့ အခု ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့ဆိုရင် မွေးနေ့နှစ် ၁၀၀ ပြည့်တော့မှာ ဖြစ်ပါတယ်။ လူထုဒေါ်အမာရဲ့ နှစ် ၁၀၀ ပြည့်မွေးနေ့ပွဲကို မန္တလေးမြို့မှာ စည်စည်ကားကား၊ မြိုင်မြိုင်ဆိုင်ဆိုင် ကျင်းပသွားကြဖို့ စာပေအသိုင်းအဝိုင်း တခုလုံးက အားခဲထားကြပါတယ်။ နှစ် ၁၀၀ ပြည့်ပွဲရောက်ခါနီးမှာ အမေမာရဲ့ အမှတ်တရပုံရိပ်တွေကို စာဖတ်သူတွေနဲ့ ပြန်လည်ထိတွေ့ပေးနိုင်ဖို့အတွက် လူထုဒေါ်အမာနဲ့ နှစ်ပေါင်းများစွာ အနီးကပ် လက်တွဲအလုပ်လုပ်ခဲ့တဲ့ လူထုသတင်းစာတိုက်ရဲ့ အယ်ဒီတာဖြစ်ခဲ့သူ ဆရာကြီး မောင်သစ်လွင် (လူထု) ကို တွေ့ဆုံ မေးမြန်းဖြစ်ခဲ့ပါတယ်။ မောင်သစ်လွင် (လူထု) ပြောတဲ့အထဲမှာ လူထုဒေါ်အမာနဲ့ ပတ်သက်ပြီး အမှတ်တရဖြစ်စေမယ့် အတိတ်ပုံရိပ်တွေ အများကြီးပါပါတယ်။ ဆရာကြီး မောင်သစ်လွင် (လူထု) သတင်းစာ အယ်ဒီတာ အိမ်ကိ

ဘိုးဘိုးကြီး “မ”စပါ

Image

မန္တလာမြေမှ မစီမာအချဉ်ပေါင်း

Image
 

" စီစီ နိုင်ငံသား တာဝန်ကျေခဲ့ပြီ..."

Image

"ရွေးကောက်ပွဲနေ့ မဲပေးခဲ့ကြတဲ့ မန္တလေးက ဖိုးဖိုးဖွားဖွားတွေ..."

Image

"ရွေးကောက်ပွဲနေ့မှာ သတင်းသမားတဦး အတွေ့အကြုံ"

Image

'ရွေးကောက်ပွဲအကြို တိတ်ဆိတ်သောနေ့'

( ဧရာဝတီသတင်းစာမျက်နှာမှ တဆင့်ကူးယူဖော်ပြပါသည်။) အားလုံးသိထားပြီးဖြစ်တဲ့အတိုင်း ၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲကြီးကျင်းပဖို့ နာရီပိုင်းသာလိုပါတော့တယ်။ နိုဝင် ဘာလ၈ရက်နေ့၊ တနင်္ဂနွေနေ့မှာ ပြုလုပ်တော့မှာပါ။ ရွေးကောက်ပွဲမတိုင်ခင်တရက်ကတော့ ပါတီတွေ မဲဆွယ်စည်းရုံးရေး လုပ်ငန်းစဉ်အားလုံး ရပ်နားထားရမယ့်နေ့ Silent Day (တိတ်ဆိတ်သောနေ့)ပါ။ မဲဆွယ်စည်းရုံးရေးလုပ်ငန်းတွေကို ပြီးခဲ့တဲ့ စက်တင်ဘာလ၈ရက်ကနေ ရွေးကောက်ပွဲမကျင်းပမီ တရက်အလိုနေ့ အထိ အပြိုင်အဆိုင်ပြုလုပ်ခဲ့ကြပြီးလို့ ဒီတိတ်ဆိတ်တဲ့နေ့မှာတော့ ပါတီတွေဘက်ကရော၊ သူတို့ကို အားပေးထောက်ခံတဲ့ လူ တွေ အားလုံးပါ မဲဆွယ်စည်းရုံးရေးဆန်တဲ့ အဝတ်အစားတွေ၊ အပြုအမူတွေ မပြုလုပ်ရမယ့်နေ့။ ဒီနေ့ကို Silent day (တိတ်ဆိတ်သောနေ့)လို့ သတ်မှတ်ထားတာပဲဖြစ်ပါတယ်။ ဘယ်ပါတီ၊ ဘယ်ကိုယ်စားလှယ်ကို ရွေးချယ်မဲပေးမလဲဆို တာကို မဲဆန္ဒရှင်ပြည်သူတွေ အေးချမ်းစွာ ဆုံးဖြတ်နိုင်ဖို့ တိတ်တိတ်ဆိတ်ဆိတ် နေခိုင်းတဲ့နေ့လို့ အလွယ်တကူ ဆိုနိုင်ပါ တယ်။ တိတ်ဆိတ်သောနေ့ မတိုင်ခင် တရက်အလို (နိုဝင်ဘာလ ၆ရက်) နဲ့ တိတ်ဆိတ်သောနေ့ (နိုဝင်ဘာလ၇ရက်) နေ့တွေမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး မန္တလေးမြို့မှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ

"နီမလား စိမ်းမလား မိတ္ထီလာ"

Image