Posts

Showing posts from October, 2016

စစ်ကိုင်းဂီတာအိုး

Image
  မြန်မာနိုင်ငံကနေဂီတာတွေ ထုတ်လုပ်နေတဲ့ အဓိကမြို့ကြီး ၃ မြို့ ရှိတယ်။ ရန်ကုန်၊ မန္တလေးနဲ့ စစ်ကိုင်းမြို့တို့ပဲ ဖြစ်တယ်။ အားလုံးထဲမှာလက်ရာပိုင်းသေသပ်ကောင်းမွန်မှု၊ ခိုင်ခံ့မှုနဲ့ အသံထွက်ကောင်းမွန်မှုတွေမှာပိုမိုသာလွန်တယ်ဆိုပြီးနာမည်ကျော်ကြားတာကတော့ စစ်ကိုင်းမြို့ကထွက်တဲ့ ဂီတာတွေပဲ ဖြစ်ပါတယ်။ ဂီတာချစ်သူတွေကတော့ စစ်ကိုင်းအိုးလို့ အလွယ်တကူခေါ်ကြတယ်။ ·           စစ်ကိုင်းမြို့ရဲ့ ထုတ်ကုန်တွေထဲမှာစဉ့်အိုး၊ မြေအိုးတွေ နာမည်ကျော်ကြားသလိုစစ်ကိုင်းဂီတာအိုးကလည်းထင်ရှားလှတယ်။ ပြည်တွင်းထုတ်ဂီတာတွေထဲမှာကို  စစ်ကိုင်းဂီတာတွေဟာအရည်အသွေး မြင့်မားမှုကြောင့် ရန်ကုန်၊ မန္တလေးကထွက်တဲ့ ဂီတာတွေရဲ့ အထက်မှာကိုမားမားမတ်မတ်ရပ်တည်နေတယ်။ အခုချိန်မှာတော့ မြန်မာပြည်ဂီတာဈေးကွက်မှာစစ်ကိုင်းဂီတာတွေဟာသူတို့ထက် ဈေးနှုန်းသက်သာမှုရောအရည်အသွေးပါ ပိုမိုသာလွန်လှတဲ့ တရုတ်ဂီတာတွေနဲ့ အကြိတ်အနယ်ယှဉ်ပြိုင်နေရတယ်။ နောက်ပိုင်းမှာလည်းစစ်ကိုင်းဂီတာတွေဟာဈေးနှုန်းမြင့်တက်ဖို့သာရှိပြီးအရည်အသွေးကတော့ တန့်ခံနေသလို ဖြစ်နေမှာကြောင့် ဒီဂီတာတွေဟာတဖြည်းဖြည်းမှေးမှိန်သွားဖို့နဲ့ ပျောက်ကွယ်သွာဖို့ နီးစပ်လာနေတယ်။ မြန်မာနိုင်ငံမှကတော့ ဂီတာလုပ်င