Posts

Showing posts from February, 2016

'ကမ္ဘာကျော်ဝတ္ထုထဲက မြန်မာမြို့ကလေး'

Image
စိတ်ဝင်စားစရာတွေနဲ့ ပြည့်နက်နေပေမယ့် လူတွေက မျက်စိလျှမ်းနေတဲ့မြို့ကလေးတမြို့ ရှိနေပါ တယ်။ ကိုလိုနီခေတ်ကာလအချိန်တွေတုန်းက အင်္ဂလိပ်စစ်တပ်၊ ဂျပန်စစ်တပ်တွေ ခြေချင်းယှက်လှုပ်ရှားခဲ့တာကြောင့် အခုချိန်ထိ ဒီမြို့လေးထဲမှာ ကိုလိုနီခေတ်လက်ရာ အကြွင်းကျန် အဆောက်အဦတွေများစွာ ကျန်နေသေးတယ်။ ဒီကိုလိုနီအဆောက်အဦတွေဟာ အင်္ဂလိပ်တွေအများကြီး နေထိုင်ကျက်စားခဲ့ကြတဲ့ မေမြို့၊ ကလောမြို့တို့က အဆောက် အဦပုံစံတွေသာ ဖြစ်ပါတယ်။ ဒါပေမယ့် မေမြို့၊ ကလောတို့က အဆောက်အဦတွေထက် သာလွန်ပြီး စိတ်ဝင်စားစရာ ကောင်းတဲ့ အချက်ကတော့ စာရေးဆရာကြီး ဂျော့ချ်အိုဝဲလ်ရဲ့ကမ္ဘာကျော် ဝတ္ထုတအုပ်ဖြစ်တဲ့ မြန်မာပြည်နေ့ရက်များ (Burmese Days) ဆိုတဲ့ စာအုပ်ထဲက ဇာတ်ဝင်ခန်းနေအိမ်တွေ ဖြစ်နေလို့ပါ။ ဒီလောက်ဆိုရင်တော့ ဂျော့အိုဝဲလ်နဲ့ မြန်မာပြည်နေ့ရက်များရဲ့ စာဖတ်ပရိသတ်တွေ ရိပ်စားမိလောက်ပါပြီ။ ဟုတ်ပါတယ်။ ကသာမြို့လေးပါ။ စာရေးဆရာကြီးဂျော့အိုဝဲလ်ဟာ ၂၀ရာစုအတွင်းမှာ ကြီးကျယ်ခမ်းနားတဲ့ စာရေးဆရာတယောက်ဖြစ်ပါတယ်။ သူဟာ ဗြိတိ သျှ ပုလိပ်အရာရှိအဖြစ် ကသာမြို့မှာ နေထိုင်နေစဉ်အတွင်းမှာပဲ နယ်ချဲ့စနစ်ကို စက်ဆုပ်ပြီး ကိုလိုနီစနစ်ကို ဝေဖန် သ ရော

နတ်ပေါက်ဆင်စခန်းသို့ အရောက်လှမ်းစေချင်

Image
မိုးပုလဲ၊ ဆွေဌေးဦး၊ သင်းအေးမိုး၊ ထူးသင်းကြည် တဲ့။ မြန်မာဆန်ဆန် နာမည်လှလှလေးတွေ။ ရုတ်တရက် ကြားလိုက်မယ်ဆိုရင်တော့ လူတဦးရဲ့အမည်တွေလို့ ထင်မှတ်ကြမှာအမှန်ပါ။ တကယ်ကတော့ ဒီ နာမည်တွေဟာ နတ်ပေါက်ဆင်စခန်းက ဆင်တွေရဲ့အမည်တွေပါ။ နတ်ပေါက်ဆင်စခန်းဟာ အခုဆိုရင် နိုင်ငံခြားသားခရီးသွားဧည့်သည်တွေ အထူးစိတ်ဝင်စားတဲ့နေရာတခုဖြစ်နေပါပြီ။ ဆင်တွေကို ကိုယ်တိုင်ထိတွေ့ပြီးချော့မြူဆော့ကစားလို့ရတာရော၊ဆင်တွေရဲ့လှုပ်ရှားပုံတွေကို အနီးကပ် လွတ်လွတ် လပ်လပ် ဓာတ်ပုံရိုက် မှတ်တမ်းတင်လို့ ရတာရောကြောင့် နတ်ပေါက်ဆင်စခန်းကို နိုင်ငံခြားသားတွေ သဘောကျကြ တယ်။ နတ်ပေါက်ဆင်စခန်းဆိုတာကတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် အင်းတော်မြို့နယ်အတွင်းက ဆင်စခန်း တခု ပဲဖြစ်ပါတယ်။ ကသာမြို့ကနေ ဒီဆင်စခန်းကို ရောက်ဖို့ ဆယ်မိုင်ကျော်လောက်သွားရတယ်။ ဆိုင်ကယ်နဲ့သွားရင်တော့ နာရီဝက်၊ ၄၅မိနစ်လောက် ကြာပါတယ်။ လမ်းမှာ စခန်းနေရာကို သိစေနိုင်မယ့် ဆိုင်းဘုတ်ကြီးချိတ်မထားပါဘူး။ ကသာ-အင်းတော်ကားလမ်းရဲ့မိုင်တိုင် ၁၀/၁ နေရာမှာရှိတဲ့ တောလမ်းကြားလေးထဲကတဆင့်သွားရတာပါ။ ကားလမ်းမကြီးကနေတော လမ်းလေး အတိုင်းအတွင်းကို တော်တော်ဝင်ရပါတယ်။

ကမ်းသာ(ခေါ်)ကသာမြို့ဆိပ်ကမ်း

Image
အလောင်းစည်သူမင်းဟာ ဧရာဝတီမြစ်ကြောင်းတလျှောက် တိုင်းခန်းလှည့်လည်ရင်း သာယာတဲ့ကမ်းတနေရာလေးကိုရောက်တော့ ကမ်းသာလို့အမည်ပေးခဲ့တာကစပြီး တဖြေးဖြေးနဲ့ ကသာဆိုတဲ့ဆိပ်ကမ်းမြို့လေးဖြစ်လာခဲ့တာလို့ မြို့ခံတွေက သိထားကြတယ်။ ကသာဆိပ်ကမ်းဟာ ကိုလိုနီခေတ်မှာသမိုင်းဝင်နေရာတခုအဖြစ်ပါခဲ့တယ်။ ၁၉၄၂ခုနှစ်လောက်မှာ မြန်မာပြည်ကိုဂျပန်တွေစီးမိတော့ ကသာမှာတပ်ဆွဲထားတဲ့ အင်္ဂလိပ်တပ်တွေဟာ အိန္ဒိယပြည်ထဲပြေးကြရတယ်။ အဲ့ဒီအချိန်တုန်းက အင်္ဂလိပ်သဘောကုမ္ပဏီပိုင်တဲ့သင်္ဘောတွေက ကသာဆိပ်ကမ်းမှာအများကြီးပဲ။ Irrawaddy Flotilla Company ပိုင် အကောင်းဆုံးမီးသင်္ဘောကြီးတွေဟာ မြစ်ကမ်းတလျှောက် နှစ်မြုပ်ခံထားရတာ သင်္ဘောနဲ့ ဘေးကုန်တင်တွဲတွေအပါအဝင် အစီး(၂၀၀)လောက်ထိရှိခဲ့တယ်လို့ဆိုကြတယ်။ ဒီသင်္ဘောတွေကို စနစ်တကျမှတ်သားဖောက်ခွဲပြီး မြစ်ထဲနစ်မြုပ်ပစ်ခဲ့ရတယ်။ ဒုတိယကမ္ဘာစစ်ပြီးမှ မြေပုံတွေနဲ့ပြန်လာဖော်ကြတယ်။ ဒီအချက်တွေကြောင့်ကသာဆိပ်ကမ်းဟာ သင်္ဘောသင်္ချိုင်းလို့လည်း နာမည်ကြီးတယ်။  အခုချိန်မှာတော့ ကသာမြို့နဲ့အနီးတဝိုက်ကမြို့တွေနဲ့ ကုန်သွယ်ရေးအတွက် အားထားရတဲ့ဆိပ်ကမ်းတခုပေါ့။  ကသာကနေ ဗန်းမော်၊ ရွှေကူ၊ ထီးချိုင့်၊ တကောင်း၊ ကျောက်မြောင်းနဲ့ မန္တလေးတို့ကိ

အင်းတော်မြို့ကစည်လုပ်ငန်း

Image
အင်းတော်မြို့က စည်လုပ်ငန်း ဓာတ်ပုံ - အေးမွန်ရာပြည့် (ဧရာဝတီသတင်းစာမျက်နှာ) စည်တော်ကြီး၊ ဆိုင်းဝိုင်း၊ ဒိုးပတ်၊ ရှမ်းအိုးစည်အစရှိတဲ့ တူရိယာတွေ ထုတ်လုပ်နေတဲ့ ဆရာပွဲရဲ့ စည်လုပ်ငန်းက ပုံတွေပါ။  မြန်မာပြည်အထက်ပိုင်းမှာတော့ ဆရာပွဲရဲ့စည်လုပ်ငန်းဟာ တော်တော်နာမည်ကျော်တယ်။ အင်းတော်မြို့နဲ့အနီးတဝိုက်သာမက မြန်မာပြည်အထက်ပိုင်းဒေသတော်တော်များများကို ပို့နေရတယ်။ အင်းတော်မြို့ဟာ စစ်ကိုင်းတိုင်းအတွင်းမှာရှိတဲ့ မြို့တမြို့ဖြစ်ပါတယ်။ ကသာမြို့ကနေ အင်းတော်မြို့အထိ ၁၈ မိုင်ဝေးပါတယ်။  ၁၉၇၁ လောက်ကစပြီး စည်လုပ်ငန်းလုပ်ခဲ့တာဖြစ်လို့ အခုဆိုရင် ဆရာပွဲရဲ့စည်လုပ်ငန်းလုပ်သက်ဟာ ၄၅ နှစ်ထဲရောက်နေပါပြီ။ အထက်ပိုင်းကထွက်တဲ့ သစ်တွေရဲ့ အရည်အသွေးကောင်းမှုကြောင့် စည်တွေရဲ့ အရည်အသွေးဟာ တခြားဒေသထုတ် စည်တွေထက်ပိုပြီး အရည်အသွေး ပိုကောင်းတာဖြစ်တယ်လို့ အဲ့ဒီလုပ်ငန်းက တာဝန်ရှိသူ ဦးကျော်ညွန့်က ပြောတယ်။  ပွဲရှိတဲ့ တပို့တွဲ တပေါင်းတန်ခူးကာလတွေမှာကတော့ ရောင်းအားကောင်းတတ်ပြီး ပွဲမရှိတဲ့အချိန်တွေမှာတော့ ရောင်းအားပါးတယ်။ လုံးဝ မရောင်းရတာမျိူးတော့ မရှိဘူးလို့ ဦးကျော်ညွန့်က ပြောပါတယ်။ စည်ထုတ်လုပ်ဖို့ ကုက္ကို၊ ယမနေနဲ့ သရက်အစရှိတဲ့ အသားတွေကို

သုံးလွှာက ရန်ကုန် ချစ်တီးထမင်းဆိုင်

Image
ခန်းလုံးပြည့် အပြာရောင်ဆေးသုတ်ထားတဲ့ ထမင်းဆိုင်ခန်း ကျဉ်းကျဉ်းလေး။ ရွှေလာငွေလာ ဂမုန်းနွယ်ပင် အနွယ်အခက်ကလေးတွေက ဆိုင်ရဲ့မျက်နှာကျက်ပေါ်မှာ တွန့်တွန့်ခွေခွေကလေးတွေ။ ဟိန္ဒူဘုရားရုပ်တုတွေပြည့်နေတဲ့ ဘုရားစင်လေးပေါ်မှာလည်း ပန်းတွေ၊ ဆွမ်းတွေ သေချာ ကပ်လှူထားတယ်။ ‘ဘာနဲ့စားမလဲ’ ဆိုတဲ့အသံကြောင့် မြင်ကွင်းဟာ ဘုရားစင်ဆီကနေ ချက်ချင်းပြောင်းသွားရတယ်။ စွပ်ကျယ်ဆန်ဆန်အင်္ကျီ၊ အိန္ဒိယ ပုဆိုးကွက်ကျဲကျဲကို တွဲဖက်ဝတ်ထားတဲ့ နှုတ်ခမ်းမွှေးဖြူဖြူနဲ့ အိန္ဒိယမျိုးနွယ် အမျိုးသားကြီးတဦးက လှမ်းမေးတယ်။ ‘ဘာဟင်းတွေရလဲလို့’ ပြန်မေးလိုက်တော့ ‘ဘာဟင်းနဲ့စားချင်လဲ၊ အစုံရတယ်’ လို့ မဆိုင်းမတွ ချက်ချင်းပြန်မေးပြန်တယ်။ အခုရောက်နေတဲ့ နေရာက ချစ်တီးထမင်းဆိုင်လေး တဆိုင်ထဲမှာပါ။ ဒါပေမယ့် တခြားသာမာန် ချစ်တီးထမင်းဆိုင်တော့ မဟုတ်ပါဘူး။ သုံးလွှာ(ဒုတိယထပ်)က တိုက်ခန်းကျဉ်းလေးထဲမှာ နှစ်ပေါင်းငါးဆယ်နီးပါးကြာ တစိုက်မတ်မတ်ရောင်းချခဲ့တဲ့ ချစ်တီးထမင်းဆိုင်လေးတဆိုင်ပါ။ ဆိုင်လိပ်စာကတော့ ရန်ကုန်မြို့လယ် ဆူးလေဘုရားနဲ့ နီးနီးလေးပါ။ ၂၉လမ်း(အောက်)ဘလောက်၊ မဂို အစ္စလာမ်ခန်းမရဲ့ အနောက်ဘက်မျက်နှာချင်းဆိုင်မှာ ၁၉၃၀ လို့ ရေး