Posts

Showing posts from July, 2015

ရန်ကင်းတောင်ခြေက ပလောင်ကျောင်းကလေး

Image
အသက်ငါးနှစ်မပြည့်တပြည့် မျက်နှာဖောင်းဖောင်းဝိုင်းဝိုင်းနဲ့ ကလေးငယ်တဦး၊ ကတုံးဆံပင်ပေါက်ကေနဲ့၊ မျက်နှာတပြင်လုံးမှာလည်း သနပ်ခါးတွေကအပြည့် ပဲကြီးဟင်းအိုးထဲ ကျထားသလို ထူပြစ်နေအောင်လိမ်းထားတယ်။ သူ့ရဲ့ရှေ့မှာက စတီးပုံစံခွက်နဲ့ ထမင်းပန်းကန်တချပ်။ ထမင်းမစားခင် မေတ္တာပို့ ရွတ်ဖတ်ဆုတောင်းတွေကို မျက်လုံးကြီးမှိတ်၊ မျက်နှာကြီးမော့လို့ အားရပါးရဆိုနေတယ်။ နံဘေးမှာလည်း သူလိုကလေးမျိုးတွေအများကြီး ထိုင်ပြီး ရွတ်ဖတ်ဆုတောင်းနေကြတယ်။ လူမှုကွန်ရက် ဖေ့စ်ဘုတ်ခ်စာမျက်နှာထဲမှာ ဒီတပတ်အတွင်း တက်လာတဲ့ ဓာတ်ပုံလေးတပုံပါ။ ရန်ကင်းတောင်ခြေက အောင်သုခ မိဘမဲ့စောင့်ရှောက်ရေးကျောင်းမှာ နေ့လည်စာ လှူခဲ့သူတဦးက ဓာတ်ပုံရိုက်လာပြီး မန္တလေးသတင်းပုံရိပ်ဆိုတဲ့ ဖေ့စ်ဘုတ်ခ်ဂရုထဲမှာ တင်ခဲ့တဲ့ ပုံလေးပဲဖြစ်ပါတယ်။ ဓာတ်ပုံလေးကတော့ သာမာန်ရိုးရိုးပုံလေးတပုံပဲဖြစ်ပေမယ့် ပုံထဲက ကလေးငယ်ရဲ့ အသွင်အပြင်တွေက ချစ်စရာကောင်းလွန်းတာရော၊ ကရုဏာသက်စရာရော ကောင်းလှတာကြောင့် နီးစပ်ရာလူတွေ သွားရောက်လှူဒါန်းကြဖို့ ဖေ့စ်ဘုတ်ခ်မိတ်ဆွေတွေ အချင်းချင်း ပြန်လည်မျှဝေထားကြတယ်။ စာရေးသူနေတဲ့ မန္တလေးကနေဆိုရင် ရန်ကင်းတောင်ဆိုတာ သိပ်ဝေးလွန်းလှတာ မဟုတ်တဲ့အတွက် အဲ့ဒီကျောင်း

ယဉ်ကျေးမှု မြို့တော်ထဲက မန္တလေး ဖိနပ်

Image

နန်းတော်ရှေ့က ဝက်ဆီဖတ် မုန့်ပျားသလက်

Image

အိပ်မက်ရောင်းတဲ့ လှည်းကလေးတွေ ကျုံးဘေးမှာ ရှိတယ်

Image
(ဒီဗွီဘီသတင်းစာမျက်နှာမှ တဆင့်ကူးယူဖော်ပြပါသည်။) “စိန်လိုချင်ရင်…စိန်ဖြစ်ရမယ်……အိမ်လိုချင်ရင် အိမ်ဖြစ်ရမယ်….စိန်လိုချင်ရင် စိန်တွေ ဖြစ်ရမယ်ကွယ်….အိမ်လိုချင်ရင် အိမ်တွေ ဖြစ်ရမယ်ကွယ်…..” ဆိုတဲ့ စိုးစန္ဒာထွန်းရဲ့သီချင်းသံက မန္တလေးကျုံးနံဘေးဝန်းကျင်မှာ ပျံ့လွင့်နေတယ်။ ဝါဆို၊ ဝါခေါင် ရေဖောင်ဖောင်ဆိုတဲ့အချိန်မို့ ကျုံးရေပြင်ကို ဖြတ်တိုက်လာတဲ့ တောင်လေကြမ်းကြမ်းက ကျုံးရေနံ့သင်းသင်းနဲ့ တေးသီချင်းသံကို ဆောင်ယူလာနေတယ်။ သီချင်းသံတွေ ပျံ့လွင့်လာတဲ့ နေရာကတော့ ကျုံးနံဘေးက အစိုးရ အောင်ဘာလေထီလက်မှတ် ရောင်းတဲ့ ထီသည်လှည်းလေးတွေပဲ ဖြစ်ပါတယ်။ လကုန်ချိန်တွေတိုင်း ကျုံးရဲ့ အနောက်ဘက်နဲ့ တောင်ဘက် ကျုံးဘေးလမ်းတလျှောက်မှာ ထီလှည်းတန်းကြီးကို တမျှော်တခေါ်ကြီး မြင်တွေ့ရတာဟာလည်း မန္တလေးမြို့ရဲ့ ချစ်စဖွယ် ရှုမြင်ကွင်းတခုလည်း ဖြစ်တယ်။ ထီလှည်းတွေ အားလုံးနီးပါးကို အစိမ်းရောင်မီးကြိုးလေးတွေနဲ့ အလှဆင်ထားတယ်။ မီးလုံးလေးတွေ ကျွိတတုတ် မှတ်တုတ်။ တချို့လှည်းတွေမှာ ဗုဒ္ဓရုပ်ပွားတော်ပုံ ပိုစတာကြီးတွေ ကပ်ထားတယ်။ အောင်သပြေပန်းကို ပန်းအိုးထိုးထားတယ်။ လှည်းပေါ်မှာ အသံကျယ်ကျယ် ထုတ်လွှတ်ပေးနိုင်တဲ့ ဆောင်းဘောက် ၂ လုံး၊ ဘက်ထရီအိုးတွေ

ပြင်ဦးလွင် ရထားလုံးတွေရဲ့ နေဝင်ချိန်

Image
(ဧရာဝတီသတင်းစာမျက်နှာ် မှတဆင့်ကူးယူဖော်ပြပါသည်။) နေရာကား လူများ ကြက်ပျံမကျ စည်ကားနေတဲ့ ပါဆယ်နာရီစင်ကြီး တဝိုက်။ တောင်ပေါ်မြို့လေး တမြို့ဖြစ်တဲ့ မေမြို့ခေါ် ပြင်ဦးလွင်မြို့လယ်။ အချိန်မှန်ပြီး တိကျလှတဲ့ နာရီစင်ကြီးက နေ့ခင်း နှစ်နာရီထိုးလို့ မြည်သံနှစ်ချက် ခပ်လေးလေး ထွက်ပေါ်လာပါတယ်။ မြင်းညိုကြီး တကောင်က သူ့ကိုယ်ပေါ်မှာ နားနေတဲ့ ယင်ကောင်ကို အမြီးနဲ့ ခါထုတ်နေတဲ့ တဘတ်ဘတ် အသံ၊ မြင်းခွာတွေကို ကျောက်လမ်းပေါ် ဆောင့်ချနေတဲ့ အသံတွေက ဆက်တိုက် ထွက်ပေါ်နေတယ်။ မြင်းညိုကြီးဟာ ဘယ်ခရီးစဉ်မှ မလိုက်ရဘဲ ရပ်နေရတာ ကြာလို့ ညောင်းနေဟန်နဲ့ သူ့ရဲ့ကိုယ်လုံးကြီးကို လှုပ်ခါနေတာ တွေ့ရတယ်။ မြင်းရဲ့ နောက်ကျောမှာ ချိတ်ထားတဲ့ ရထားလုံး ဖြူဖြူလွလွလေးရယ်၊ မြင်းမှာ ချိတ်ဆွဲထားတဲ့ ခြူတွေ၊ ခေါင်းလောင်းလေးတွေ ရယ်က စည်းချက်ကျသံနဲ့ အတူ လှုပ်ရှားနေတယ်။ ခဏကြာတော့ မြင်းရဲ့ နံဘေးကို သူ့သခင် ခပ်ပိန်ပိန်ပါးပါး အမျိုးသားကြီး တဦး ရောက်လာပြီး ချော့မြှူ လိုက်တယ်။ မြင်းကြီးက ချက်ချင်းပဲ ငြိမ်ကျသွားတယ်။ ပါဆယ်နာရီစင်ကြီးနဲ့ မနီးမဝေးက မြို့မ ဗလီကြီး နံဘေးမှာ ရှိတဲ့ မြင်းရထားလုံး ဂိတ်က မြင်ကွင်းတခုပဲ ဖြစ်ပါတယ်။ ပြင်ဦးလွင်မြို့ခံတွေ အတွက်တော့ ဒီ

အမေ့ခံ အင်းဝ တံတားအို

Image
(ဧရာဝတီသတင်းစာမျက်နှာ်မှ တဆင့်ကူးယူဖော်ပြပါသည်။) ကိုလိုနီခေတ်မှာ အင်္ဂလိပ်တွေ ကိုယ်တိုင် တည်ဆောက်ခဲ့ပြီး သူတို့ ကိုယ်တိုင်ပဲ ပြန်လည် ဖျက်ဆီးပစ်ခဲ့တဲ့ သမိုင်းဝင် တံတားကြီး တစင်း။ မြန်မာနိုင်ငံ အတွင်းက အဓိက မြစ်ကြီး ဖြစ်တဲ့ ဧရာဝတီမြစ်ပေါ်မှာ ပထမဆုံး စတင် တည်ဆောက် ခဲ့တဲ့ သမိုင်းဝင် မြစ်ကူး တံတားကြီး တစင်း။ အင်မတန်လှပတဲ့ အတွက် ရှုမငြီးနိုင်တဲ့ သမိုင်းဝင် တံတားကြီး တစင်း။ အဲ့ဒီဂုဏ်ပုဒ်တွေနဲ့ ပြည့်စုံတဲ့ တံတားကြီးကတော့ အင်းဝတံတားလို့ ခေါ်တဲ့ စစ်ကိုင်းတံတားကြီးပဲ ဖြစ်ပါတယ်။ တချိန်က လျှမ်းလျှမ်းတောက် နာမည် ကျော်ကြားပြီး မြန်မာနိုင်ငံ အတွက် အရေးအပါဆုံး ဖြစ်ခဲ့ပေမယ့် ခုအခါ သူ့နံဘေးမှာ ဧရာဝတီတံတား (ရတနာပုံ) ဆိုတဲ့ အမည်နဲ့ တရုတ်ဒီဇိုင်း တံတားအသစ် တစင်းကို စစ်အစိုးရက တည်ဆောက် လိုက်တာကြောင့် အင်းဝတံတားကြီးက ညှိုးမှိန်သွားတယ်။ အပစ်ပယ်ခံ အဖြစ်နဲ့ ရှိနေရတဲ့ အဲ့ဒီ နာမည်ကျော် တံတားကြီးကို စာဖတ်သူတွေနဲ့ ဒီတပတ်မှာ ပြန်လည်ထိတွေ့ပေးလိုက်ပါတယ်။ မန္တလေးမြို့နဲ့ စစ်ကိုင်းမြို့ကို အပြန်အလှန် ဆက်စပ်ပေးထားတဲ့ တံတားကြီး ဖြစ်ပြီး အင်းဝ မြို့ဟောင်းနဲ့လည်း နီးကပ်စွာ တည်ရှိနေတဲ့ အတွက် အင်းဝတံတား (တနည်း) စစ်ကိုင်းတံတ