Posts

Showing posts from November, 2016

ပညာအလင်းနဲ့ အမှောင်ခွင်းသူ

Image
မွေးရာပါ အမြင်အာရုံ ချို့ယွင်းပေမယ့် ပညာရေးမှာ စိတ်အားထက်သန်လွန်းသူ မအေးချမ်းအောင် (ဓာတ်ပုံ-အေးမွန်ရာပြည့်) - အေးမွန်ရာပြည့် -  အပြာရင့်ရင့် ရှမ်းဝတ်စုံလေးကို အထက်အောက် ဝမ်းဆက် ဝတ်ထားတဲ့ အနက်ရောင်ဆံပင်တိုနဲ့ အမျိုးသမီးငယ်တဦးက ကွန်ပျူတာကို အသုံးပြုပြီး အင်တာနက်ပေါ်က အခမဲ့ သင်ကြားပေးတဲ့ အဆင့်မြင့် ပညာရပ်တွေ သင်ယူနေတယ်။ ကီးဘုတ်ကို နှိပ်လိုက်တိုင်း ကွန်ပျူတာထဲက အင်္ဂလိပ် စကားသံတွေ ထွက်လာတယ်။ မျက်နှာ ဘေးတစောင်းအနေအထားနဲ့ နားကို ပိုပြီး အားပြုလို့ ကွန်ပျူတာကို သူ သုံးနေတယ်။ သူ့မျက်စိ ၂ ဖက်လုံး မမြင်ရသေမယ့် ကွန်ပျုတာကို အသုံးပြုပြီး အဆင့်မြင့် ပညာရပ်တွေကို သင်ကြားနေသူကတော့ မအေးချမ်းအောင်လို့ ခေါ်တဲ့ အမျိုးသမီးငယ် တဦး ဖြစ်ပါတယ်။ အမြင်အာရုံ ချို့တဲ့သူအတွက် ရည်ရွယ် ပြုလုပ်ထားတဲ့ ကွန်ပျူတာ ဆော့ဖ်ဝဲ ကျေးဇူးနဲ့ မအေးချမ်းအောင်ဟာ ပညာတွေ ဆက်လက် သင်ကြားနေသလို အင်္ဂလိပ်စာ ဘာသာပြန်လုပ်ပြီး အသက်မွေးဝမ်းကျောင်း ပြုနေသူဖြစ်ပါတယ်။ သူဟာ မန္တလေးနိုင်ငံခြား ဘာသာ တက္ကသိုလ်ကနေ အင်္ဂလိပ်စာမေဂျာနဲ့၂၀၁၀ ခုနှစ် ကတည်းက ဘွဲ့ရ ခဲ့ပေမယ့်လည်း မတင်းတိမ်နိုင်သေးလို့ အွန်လိုင်းကနေတဆင့် သင်ကြားတဲ့ အမေရိကန်နိုင်ငံရဲ့

မန္တလေးကိုလည်း ကယ်တင်ပါ

Image
  မြန်မာနိုင်ငံ၏ နောက်ဆုံးမင်းဆက် ရတနာပုံခေတ်နှင့် ကိုလိုနီခေတ်အငွေ့အသက်များ တစုတစည်းတည်း တွေ့မြင်နိုင်သည့် မန္တလေးမြို့အတွက် အဓိက စိန်ခေါ်မှုမှာ ယဉ်ကျေးမှု၊ အနုပညာနှင့် သမိုင်းဆိုင်ရာ အခြေအနေများကို နားမလည်သည့် မြို့ပြ စီမံကိန်း တည်ဆောက်မှုများပင် ဖြစ်သည်။ ခေတ်အလိုက် တည်ဆောက်ခဲ့သည့် အထင် ကရ အဆောက်အအုံများ၊ သမိုင်းဆိုင်ရာ အချက်အလက်များနှင့် ယဉ်ကျေးမှု အနုလက်ရာများကို ယခင်က မြို့ပရိဝုဏ် အတွင်းတွင်ပင် လည်ပတ်ရင်း လေ့လာနိုင်သည်။ ယနေ့ မန္တလေးမြို့မှာမူ ကွန်ကရစ် တောထဲသို့ အရောက်သွားနေသည့် ပုံစံအဖြစ် မြို့ခံတို့ စိတ်မသက်မသာ တွေ့ကြုံနေရပြီဖြစ်သည်။ ယင်းကဲ့သို့ အဆောက်အအုံများ သစ်လွင်နေမှုအား တိုးတက်မှုအဖြစ် လူပြိန်းနည်းဖြင့် တိုင်းတာခြင်းမှာ သမိုင်းဆိုင်ရာ တန်ဖိုးများနှင့် ပြည့်နေသည့် ယဉ်ကျေးမှုမြို့တော် တခုအတွက်မူ ဆုံးရှုံးမှုတရပ်ပင် ဖြစ်သည်။ ကုန်းဘောင်ခေတ်တွင် နိုင်ငံ၏ မြို့တော်ဖြစ်ခဲ့ ပြီး အင်္ဂလိပ်နှင့် ဂျပန်တို့လက်အောက် ကျရောက်ခဲ့ သည့် ကိုလိုနီခေတ်တွင် မန္တလေးမြို့သည် စစ်ဒဏ် ကို ခါးစည်းခံခဲ့ရသည်။ လွတ်လပ်ရေး ရပြီးချိန်တွင်မူ ဒုတိယ မြို့တော်အဖြစ် အဆင့်လျှောကျခဲ့ရသည်။ လက်ရှိ မန္တလေးကား တတိယမ

ပြင်ဦးလွင်ကကိုလိုနီခေတ် လက်ကျန် ဆံသဆိုင်လေး

Image
  အေးမွန်ရာပြည့် ကိုလိုနီခေတ်ကတည်းကဖွင့်ခဲ့ပြီးယနေ့အချိန်ထိဖွင့်နေဆဲ၊ သက်တမ်း နှစ်ပေါင်း ၇၀ ကျော် ရှိပြီဖြစ်တဲ့ ရှေးဟောင်းဆံသဆိုင်လေးတဆိုင်နဲ့ စာဖတ်သူတွေကိုမိတ်ဆက်ပေးချင်ပါတယ်။ အဲဒါကတော့ မြန်မာနိုင်ငံလွတ်လပ်ရေးမရခင် လေးနှစ်ခန့်အလို ၁၉၄၄ ခုနှစ် ကတည်းကစတင်ဖွင့်လှစ်ခဲ့တဲ့ မေမြို့ (ခေါ်) ပြင်ဦးလွင်မြို့က အမျိုးသားသီးသန့် ဆံသဆိုင်လေးပဲ ဖြစ်ပါတယ်။  ဆံသဆိုင်ဟာ ပြင်ဦးလွင်မြို့လယ်ခေါင်က ပါဆယ်တာဝါရဲ့ အရှေ့မြောက်ဘက် ထောင့်ကျကျမှာရှိတဲ့ RS ကုန်မာဆိုင်နဲ့ မြို့မဗလီလမ်းတို့ရဲ့ အကြားမှာရှိပါတယ်။ လမ်းနဲ့ကုန်မာဆိုင်တို့ရဲ့ အကြားမှာဖွင့်ထားတယ်ဆိုလို့ စာဖတ်သူတွေအနေနဲ့ ရုတ်တရက် မျက်စိလည်သွားနိုင်ပါတယ်။ စောစောကပြောတဲ့ RS တိုက်ရဲ့ အနောက်ဘက်နံဘေးမှာအဖီချပြီးဖွင့်တဲ့ ဆိုင်ကလေးဖြစ်လို့ လမ်းနဲ့တိုက်ရဲ့ ကြားမှာရှိတယ်လို့ ပြောရတာပါ။ ရုတ်တရက်ကြည့်မယ်ဆိုရင် ဆံသဆိုင်လေးရှိမှန်းကိုအလွယ်တကူမသိနိုင်ပါဘူး။ ဆိုင်ကလေးဟာမျက်နှာစာအဖွင့်က ၁၂ ပေလောက်ရှိပြီးအနံကတော့ ၄ ပေသာသာလောက်သာရှိတဲ့ ဆိုင်ခန်းကျဉ်းကျဉ်းလေးမျှသာ ဖြစ်ပါတယ်။ ဆိုင်ရဲ့အမည်ကတော့ ‘အင်္ဂလိပ်ဆံသ’ ပဲ ဖြစ်ပါတယ်။ အစိမ်းရောင် ဖိုင်ဘာပြားဆိုင်းဘုတ်ပေါ်မှာ အဝါရောင် စာလ