Posts

ပညာအလင်းနဲ့ အမှောင်ခွင်းသူ

Image
မွေးရာပါ အမြင်အာရုံ ချို့ယွင်းပေမယ့် ပညာရေးမှာ စိတ်အားထက်သန်လွန်းသူ မအေးချမ်းအောင် (ဓာတ်ပုံ-အေးမွန်ရာပြည့်) - အေးမွန်ရာပြည့် -  အပြာရင့်ရင့် ရှမ်းဝတ်စုံလေးကို အထက်အောက် ဝမ်းဆက် ဝတ်ထားတဲ့ အနက်ရောင်ဆံပင်တိုနဲ့ အမျိုးသမီးငယ်တဦးက ကွန်ပျူတာကို အသုံးပြုပြီး အင်တာနက်ပေါ်က အခမဲ့ သင်ကြားပေးတဲ့ အဆင့်မြင့် ပညာရပ်တွေ သင်ယူနေတယ်။ ကီးဘုတ်ကို နှိပ်လိုက်တိုင်း ကွန်ပျူတာထဲက အင်္ဂလိပ် စကားသံတွေ ထွက်လာတယ်။ မျက်နှာ ဘေးတစောင်းအနေအထားနဲ့ နားကို ပိုပြီး အားပြုလို့ ကွန်ပျူတာကို သူ သုံးနေတယ်။ သူ့မျက်စိ ၂ ဖက်လုံး မမြင်ရသေမယ့် ကွန်ပျုတာကို အသုံးပြုပြီး အဆင့်မြင့် ပညာရပ်တွေကို သင်ကြားနေသူကတော့ မအေးချမ်းအောင်လို့ ခေါ်တဲ့ အမျိုးသမီးငယ် တဦး ဖြစ်ပါတယ်။ အမြင်အာရုံ ချို့တဲ့သူအတွက် ရည်ရွယ် ပြုလုပ်ထားတဲ့ ကွန်ပျူတာ ဆော့ဖ်ဝဲ ကျေးဇူးနဲ့ မအေးချမ်းအောင်ဟာ ပညာတွေ ဆက်လက် သင်ကြားနေသလို အင်္ဂလိပ်စာ ဘာသာပြန်လုပ်ပြီး အသက်မွေးဝမ်းကျောင်း ပြုနေသူဖြစ်ပါတယ်။ သူဟာ မန္တလေးနိုင်ငံခြား ဘာသာ တက္ကသိုလ်ကနေ အင်္ဂလိပ်စာမေဂျာနဲ့၂၀၁၀ ခုနှစ် ကတည်းက ဘွဲ့ရ ခဲ့ပေမယ့်လည်း မတင်းတိမ်နိုင်သေးလို့ အွန်လိုင်းကနေတဆင့် သင်ကြားတဲ့ အမေရိကန်နိုင်ငံရဲ့

မန္တလေးကိုလည်း ကယ်တင်ပါ

Image
  မြန်မာနိုင်ငံ၏ နောက်ဆုံးမင်းဆက် ရတနာပုံခေတ်နှင့် ကိုလိုနီခေတ်အငွေ့အသက်များ တစုတစည်းတည်း တွေ့မြင်နိုင်သည့် မန္တလေးမြို့အတွက် အဓိက စိန်ခေါ်မှုမှာ ယဉ်ကျေးမှု၊ အနုပညာနှင့် သမိုင်းဆိုင်ရာ အခြေအနေများကို နားမလည်သည့် မြို့ပြ စီမံကိန်း တည်ဆောက်မှုများပင် ဖြစ်သည်။ ခေတ်အလိုက် တည်ဆောက်ခဲ့သည့် အထင် ကရ အဆောက်အအုံများ၊ သမိုင်းဆိုင်ရာ အချက်အလက်များနှင့် ယဉ်ကျေးမှု အနုလက်ရာများကို ယခင်က မြို့ပရိဝုဏ် အတွင်းတွင်ပင် လည်ပတ်ရင်း လေ့လာနိုင်သည်။ ယနေ့ မန္တလေးမြို့မှာမူ ကွန်ကရစ် တောထဲသို့ အရောက်သွားနေသည့် ပုံစံအဖြစ် မြို့ခံတို့ စိတ်မသက်မသာ တွေ့ကြုံနေရပြီဖြစ်သည်။ ယင်းကဲ့သို့ အဆောက်အအုံများ သစ်လွင်နေမှုအား တိုးတက်မှုအဖြစ် လူပြိန်းနည်းဖြင့် တိုင်းတာခြင်းမှာ သမိုင်းဆိုင်ရာ တန်ဖိုးများနှင့် ပြည့်နေသည့် ယဉ်ကျေးမှုမြို့တော် တခုအတွက်မူ ဆုံးရှုံးမှုတရပ်ပင် ဖြစ်သည်။ ကုန်းဘောင်ခေတ်တွင် နိုင်ငံ၏ မြို့တော်ဖြစ်ခဲ့ ပြီး အင်္ဂလိပ်နှင့် ဂျပန်တို့လက်အောက် ကျရောက်ခဲ့ သည့် ကိုလိုနီခေတ်တွင် မန္တလေးမြို့သည် စစ်ဒဏ် ကို ခါးစည်းခံခဲ့ရသည်။ လွတ်လပ်ရေး ရပြီးချိန်တွင်မူ ဒုတိယ မြို့တော်အဖြစ် အဆင့်လျှောကျခဲ့ရသည်။ လက်ရှိ မန္တလေးကား တတိယမ

ပြင်ဦးလွင်ကကိုလိုနီခေတ် လက်ကျန် ဆံသဆိုင်လေး

Image
  အေးမွန်ရာပြည့် ကိုလိုနီခေတ်ကတည်းကဖွင့်ခဲ့ပြီးယနေ့အချိန်ထိဖွင့်နေဆဲ၊ သက်တမ်း နှစ်ပေါင်း ၇၀ ကျော် ရှိပြီဖြစ်တဲ့ ရှေးဟောင်းဆံသဆိုင်လေးတဆိုင်နဲ့ စာဖတ်သူတွေကိုမိတ်ဆက်ပေးချင်ပါတယ်။ အဲဒါကတော့ မြန်မာနိုင်ငံလွတ်လပ်ရေးမရခင် လေးနှစ်ခန့်အလို ၁၉၄၄ ခုနှစ် ကတည်းကစတင်ဖွင့်လှစ်ခဲ့တဲ့ မေမြို့ (ခေါ်) ပြင်ဦးလွင်မြို့က အမျိုးသားသီးသန့် ဆံသဆိုင်လေးပဲ ဖြစ်ပါတယ်။  ဆံသဆိုင်ဟာ ပြင်ဦးလွင်မြို့လယ်ခေါင်က ပါဆယ်တာဝါရဲ့ အရှေ့မြောက်ဘက် ထောင့်ကျကျမှာရှိတဲ့ RS ကုန်မာဆိုင်နဲ့ မြို့မဗလီလမ်းတို့ရဲ့ အကြားမှာရှိပါတယ်။ လမ်းနဲ့ကုန်မာဆိုင်တို့ရဲ့ အကြားမှာဖွင့်ထားတယ်ဆိုလို့ စာဖတ်သူတွေအနေနဲ့ ရုတ်တရက် မျက်စိလည်သွားနိုင်ပါတယ်။ စောစောကပြောတဲ့ RS တိုက်ရဲ့ အနောက်ဘက်နံဘေးမှာအဖီချပြီးဖွင့်တဲ့ ဆိုင်ကလေးဖြစ်လို့ လမ်းနဲ့တိုက်ရဲ့ ကြားမှာရှိတယ်လို့ ပြောရတာပါ။ ရုတ်တရက်ကြည့်မယ်ဆိုရင် ဆံသဆိုင်လေးရှိမှန်းကိုအလွယ်တကူမသိနိုင်ပါဘူး။ ဆိုင်ကလေးဟာမျက်နှာစာအဖွင့်က ၁၂ ပေလောက်ရှိပြီးအနံကတော့ ၄ ပေသာသာလောက်သာရှိတဲ့ ဆိုင်ခန်းကျဉ်းကျဉ်းလေးမျှသာ ဖြစ်ပါတယ်။ ဆိုင်ရဲ့အမည်ကတော့ ‘အင်္ဂလိပ်ဆံသ’ ပဲ ဖြစ်ပါတယ်။ အစိမ်းရောင် ဖိုင်ဘာပြားဆိုင်းဘုတ်ပေါ်မှာ အဝါရောင် စာလ

စစ်ကိုင်းဂီတာအိုး

Image
  မြန်မာနိုင်ငံကနေဂီတာတွေ ထုတ်လုပ်နေတဲ့ အဓိကမြို့ကြီး ၃ မြို့ ရှိတယ်။ ရန်ကုန်၊ မန္တလေးနဲ့ စစ်ကိုင်းမြို့တို့ပဲ ဖြစ်တယ်။ အားလုံးထဲမှာလက်ရာပိုင်းသေသပ်ကောင်းမွန်မှု၊ ခိုင်ခံ့မှုနဲ့ အသံထွက်ကောင်းမွန်မှုတွေမှာပိုမိုသာလွန်တယ်ဆိုပြီးနာမည်ကျော်ကြားတာကတော့ စစ်ကိုင်းမြို့ကထွက်တဲ့ ဂီတာတွေပဲ ဖြစ်ပါတယ်။ ဂီတာချစ်သူတွေကတော့ စစ်ကိုင်းအိုးလို့ အလွယ်တကူခေါ်ကြတယ်။ ·           စစ်ကိုင်းမြို့ရဲ့ ထုတ်ကုန်တွေထဲမှာစဉ့်အိုး၊ မြေအိုးတွေ နာမည်ကျော်ကြားသလိုစစ်ကိုင်းဂီတာအိုးကလည်းထင်ရှားလှတယ်။ ပြည်တွင်းထုတ်ဂီတာတွေထဲမှာကို  စစ်ကိုင်းဂီတာတွေဟာအရည်အသွေး မြင့်မားမှုကြောင့် ရန်ကုန်၊ မန္တလေးကထွက်တဲ့ ဂီတာတွေရဲ့ အထက်မှာကိုမားမားမတ်မတ်ရပ်တည်နေတယ်။ အခုချိန်မှာတော့ မြန်မာပြည်ဂီတာဈေးကွက်မှာစစ်ကိုင်းဂီတာတွေဟာသူတို့ထက် ဈေးနှုန်းသက်သာမှုရောအရည်အသွေးပါ ပိုမိုသာလွန်လှတဲ့ တရုတ်ဂီတာတွေနဲ့ အကြိတ်အနယ်ယှဉ်ပြိုင်နေရတယ်။ နောက်ပိုင်းမှာလည်းစစ်ကိုင်းဂီတာတွေဟာဈေးနှုန်းမြင့်တက်ဖို့သာရှိပြီးအရည်အသွေးကတော့ တန့်ခံနေသလို ဖြစ်နေမှာကြောင့် ဒီဂီတာတွေဟာတဖြည်းဖြည်းမှေးမှိန်သွားဖို့နဲ့ ပျောက်ကွယ်သွာဖို့ နီးစပ်လာနေတယ်။ မြန်မာနိုင်ငံမှကတော့ ဂီတာလုပ်င

အရှေ့ကျုံးလမ်းက အလှမွေးငါးဈေး

အလှမွေးငါးလေးတွေ ထည့်ထားတဲ့ ပလတ်စတစ်အိတ် ကြည်ကြည်ဖောင်းဖောင်းလေးတွေကို ကလေးငယ်က လက်ညှိုးထိုးပြပြီး ဖခင်ဖြစ်သူကို ဝယ်ပေးဖို့ ပူဆာနေပါတယ်။ ဖခင်ဖြစ်သူက ကလေးငယ်ပြောနေတဲ့ စကားတွေကို ကြားဟန်မရဘဲ သူ့အရှေ့မှာချထားတဲ့ ပလတ်အိတ်ဖောင်းဖောင်းများကို တအိတ်ပြီးတအိတ် မကြည့်လိုက် ဆိုင်ရှင်ဖြစ်သူကို မေးလိုက်လုပ်နေပါတယ်။ ဒီမြင်ကွင်းက မန္တလေးမြို့ အရှေ့ကျုံးလမ်း (၆၆ လမ်း) ယောကျောင်းပိုင် မြေကွက်လပ်ပေါ်မှာ အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်း မနက် ၇ နာရီကနေ နေ့လယ် ၁၁ နာရီလောက်အထိ တွေ့မြင်နေရတဲ့ မြင်ကွင်းတခုပဲ ဖြစ်ပါတယ်။ လက်တဆစ်အရွယ်ကနေ လက်ဖဝါးလောက်အထိရှိတဲ့ အလှမွေးငါး လေး၊ ငါးကောင် လောက်ကို ရေနဲ့ အောက်ဆီဂျင်ထည့်ပြီး ဖောင်းနေအောင်လုပ်ထားတဲ့ ပလပ်စတစ်အိတ် ကြည်ကြည်လေးတွေကို စနစ်တကျ ထုပ်ပိုးရောင်းချနေတဲ့ မန္တလေးမြို့ရဲ့ အလှမွေးငါးဈေး မြင်ကွင်းပဲ ဖြစ်ပါတယ်။ ဒီအပတ်စဉ် အလှမွေးငါးဈေးကို အလှမွေးငါး မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ၄၊ ၅၊ ၆ ဦးလောက်က ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလောက်က စတင်ရောင်းချခဲ့ကြတယ်လို့ သိရပါတယ်။ မူလက လုပ်ငန်းလုပ်ကိုင်သူတွေအချင်းချင်းကြား အဆက်အသွယ် မပြတ်စေဖို့နဲ့ သတင်းအချက်အလက် ဖလှယ်ဖို့ ရည်ရွယ်ပြီး ရန်ကုန်က

ရှမ်းရိုးမတောင်ခြေက ဇီဝိတဒါန ဘေးမဲ့ခြံ

Image
ဇီဝိတဒါန ဘေးမဲ့ခြံ။(ဓာတ်ပုံ-အေးမွန်ရာပြည့်/ဧရာဝတီ) ခြံထဲကိုဝင်လိုက်တာနဲ့ လည်ပင်းမှာအရွတ်နီနီကြီးတွေ တွဲရရွဲကျနေတဲ့ ကြက်ဆင်ကြီးနှစ်ကောင်က တဂီးဂီးနဲ့ ကြိုနေတယ်။ မြေပေါ်မှာကလည်း နောက်ချေးပုံတွေက ဟိုတကွက်ဒီတကွက်။  ကြက်ဆင်တွေနဲ့ မလှမ်းမကမ်းနေရာ လေးမှာ တိုက်ကြက်မဲမဲလေးတကောင်ကလည်း ဟိုလျှောက်လိုက်ဒီလျှောက်လိုက် လုပ်နေတယ်။ ‘ဂလောက်၊ဂလောက်’နဲ့ အသံကြားလို့ မျက်လုံးတချက်ဝေ့ကြည့်လိုက်တော့ ခြံ ကြီးရဲ့အတွင်းပိုင်းကျကျမှာ နွားအုပ်ကြီးကို ခပ်ပျပျလောက်ပဲမြင်ရတယ်။ ခြံက အကျယ်ကြီးဆိုပေမယ့်လည်း သစ်ပင်တွေက ကျိုးတိုးကျဲတဲ နည်းနည်း သာရှိနေတယ်။ ဇီဝိတဒါန ဘေးမဲ့ခြံ။(ဓာတ်ပုံ-အေးမွန်ရာပြည့်/ဧရာဝတီ) ဒါပေမယ့် ခြံရဲ့အနောက်ဘက်မှာ သစ်ပင်တွေနဲ့အုံ့မှိုင်းနေတဲ့ တောင်တန်းကြီးတွေရှိနေတယ်။ ဒီတောင်တွေရဲ့အထက်မှာမှ ကောင်းကင်ပြာနဲ့ တိမ်တိုက်တိမ်ခဲတွေက ဟိုတစုဒီတစု။  ဆိုင်ကယ်တွေ၊ ကားတွေရဲ့ အသံဗလံတွေပေါင်းစုံနဲ့ မီးခိုးငွေ့ တွေ၊လူငွေ့တွေပေါင်းစုံ ရောပြွမ်းနေတဲ့ မြို့ ပြကနေ ကင်း လွတ်ပြီး တိတ်ဆိတ်အေးချမ်းလှတဲ့ တကယ့်ကျေးလက်ဘဝကို တဒင်္ဂ ခံစားသွား စေနိုင်မယ့်နေရာလေးတခု မန္တလေးမြို့ ရဲ့ အနီးနားမှာပဲ ရှိနေပါတယ်။ အခုညွှန်းနေတ