Posts

Showing posts from July, 2016

အရှေ့ကျုံးလမ်းက အလှမွေးငါးဈေး

အလှမွေးငါးလေးတွေ ထည့်ထားတဲ့ ပလတ်စတစ်အိတ် ကြည်ကြည်ဖောင်းဖောင်းလေးတွေကို ကလေးငယ်က လက်ညှိုးထိုးပြပြီး ဖခင်ဖြစ်သူကို ဝယ်ပေးဖို့ ပူဆာနေပါတယ်။ ဖခင်ဖြစ်သူက ကလေးငယ်ပြောနေတဲ့ စကားတွေကို ကြားဟန်မရဘဲ သူ့အရှေ့မှာချထားတဲ့ ပလတ်အိတ်ဖောင်းဖောင်းများကို တအိတ်ပြီးတအိတ် မကြည့်လိုက် ဆိုင်ရှင်ဖြစ်သူကို မေးလိုက်လုပ်နေပါတယ်။ ဒီမြင်ကွင်းက မန္တလေးမြို့ အရှေ့ကျုံးလမ်း (၆၆ လမ်း) ယောကျောင်းပိုင် မြေကွက်လပ်ပေါ်မှာ အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်း မနက် ၇ နာရီကနေ နေ့လယ် ၁၁ နာရီလောက်အထိ တွေ့မြင်နေရတဲ့ မြင်ကွင်းတခုပဲ ဖြစ်ပါတယ်။ လက်တဆစ်အရွယ်ကနေ လက်ဖဝါးလောက်အထိရှိတဲ့ အလှမွေးငါး လေး၊ ငါးကောင် လောက်ကို ရေနဲ့ အောက်ဆီဂျင်ထည့်ပြီး ဖောင်းနေအောင်လုပ်ထားတဲ့ ပလပ်စတစ်အိတ် ကြည်ကြည်လေးတွေကို စနစ်တကျ ထုပ်ပိုးရောင်းချနေတဲ့ မန္တလေးမြို့ရဲ့ အလှမွေးငါးဈေး မြင်ကွင်းပဲ ဖြစ်ပါတယ်။ ဒီအပတ်စဉ် အလှမွေးငါးဈေးကို အလှမွေးငါး မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ၄၊ ၅၊ ၆ ဦးလောက်က ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလောက်က စတင်ရောင်းချခဲ့ကြတယ်လို့ သိရပါတယ်။ မူလက လုပ်ငန်းလုပ်ကိုင်သူတွေအချင်းချင်းကြား အဆက်အသွယ် မပြတ်စေဖို့နဲ့ သတင်းအချက်အလက် ဖလှယ်ဖို့ ရည်ရွယ်ပြီး ရန်ကုန်က

ရှမ်းရိုးမတောင်ခြေက ဇီဝိတဒါန ဘေးမဲ့ခြံ

Image
ဇီဝိတဒါန ဘေးမဲ့ခြံ။(ဓာတ်ပုံ-အေးမွန်ရာပြည့်/ဧရာဝတီ) ခြံထဲကိုဝင်လိုက်တာနဲ့ လည်ပင်းမှာအရွတ်နီနီကြီးတွေ တွဲရရွဲကျနေတဲ့ ကြက်ဆင်ကြီးနှစ်ကောင်က တဂီးဂီးနဲ့ ကြိုနေတယ်။ မြေပေါ်မှာကလည်း နောက်ချေးပုံတွေက ဟိုတကွက်ဒီတကွက်။  ကြက်ဆင်တွေနဲ့ မလှမ်းမကမ်းနေရာ လေးမှာ တိုက်ကြက်မဲမဲလေးတကောင်ကလည်း ဟိုလျှောက်လိုက်ဒီလျှောက်လိုက် လုပ်နေတယ်။ ‘ဂလောက်၊ဂလောက်’နဲ့ အသံကြားလို့ မျက်လုံးတချက်ဝေ့ကြည့်လိုက်တော့ ခြံ ကြီးရဲ့အတွင်းပိုင်းကျကျမှာ နွားအုပ်ကြီးကို ခပ်ပျပျလောက်ပဲမြင်ရတယ်။ ခြံက အကျယ်ကြီးဆိုပေမယ့်လည်း သစ်ပင်တွေက ကျိုးတိုးကျဲတဲ နည်းနည်း သာရှိနေတယ်။ ဇီဝိတဒါန ဘေးမဲ့ခြံ။(ဓာတ်ပုံ-အေးမွန်ရာပြည့်/ဧရာဝတီ) ဒါပေမယ့် ခြံရဲ့အနောက်ဘက်မှာ သစ်ပင်တွေနဲ့အုံ့မှိုင်းနေတဲ့ တောင်တန်းကြီးတွေရှိနေတယ်။ ဒီတောင်တွေရဲ့အထက်မှာမှ ကောင်းကင်ပြာနဲ့ တိမ်တိုက်တိမ်ခဲတွေက ဟိုတစုဒီတစု။  ဆိုင်ကယ်တွေ၊ ကားတွေရဲ့ အသံဗလံတွေပေါင်းစုံနဲ့ မီးခိုးငွေ့ တွေ၊လူငွေ့တွေပေါင်းစုံ ရောပြွမ်းနေတဲ့ မြို့ ပြကနေ ကင်း လွတ်ပြီး တိတ်ဆိတ်အေးချမ်းလှတဲ့ တကယ့်ကျေးလက်ဘဝကို တဒင်္ဂ ခံစားသွား စေနိုင်မယ့်နေရာလေးတခု မန္တလေးမြို့ ရဲ့ အနီးနားမှာပဲ ရှိနေပါတယ်။ အခုညွှန်းနေတ

လူသိများလာတဲ့ စွန်ရဲအင်း

Image
မိုးကောင်းကင်ပြာပြာကြီးနဲ့ တိမ်လိပ်ဖြူဖြူမွမွကြီးတွေရယ်၊ သစ်ပင်တွေနဲ့အုပ်ဆိုင်းထားလို့ စိမ်းညို့နေတဲ့ မြင့်မြင့်မားမား တောင်တန်းကြီးတွေရဲ့အရိပ်တွေက အင်းရေပြင်ကျယ်ကြီးပေါ် အတိုင်းသားကျနေတယ်။ အင်းရေပေါ်က အရိပ်တွေနဲ့ အတူတူ တွဲလျက်တွေ့ရတာက လူအဖွဲ့လိုက်၊အစုလိုက်ကို တင်ဆောင်လာတဲ့ လှေကလေးတွေ၊ တောရိပ်တောင်ရိပ်တွေ၊ တိမ်လိပ်ကြီးတွေ၊ လှေကလေးတွေနဲ့ ု ရေပြင်ကျယ်ကြီးကို အချိုးကျပေါင်းစပ်ထားတဲ့ မြင်ကွင်းက ပန်းချီကားတချပ်လို ဖြစ်နေပါတယ်။  ဒီပန်းချီကားချပ်ကိုမှ ပိုပြီးပြည့်စုံကောင်းမွန်အောင် အရောင်တင်ပေးလိုက်တာက အင်းရေပြင်ထဲက  ကြာပန်း၊ ကြာရွက်တွေနဲ့ ပြွတ်သိပ်နေတဲ့ ကြာတောကြီးပါပဲ။ ဒီကြာတောကြီးက  အင်းရေပြင်ရဲ့အရှေ့ဘက်ကျကျလောက်မှာ ရှိတယ်။ အင်းရဲ့အခြားဘက်တွေမှာလည်း  ကြာတောတွေ ရှိနေသေးတယ်လို့ ဒေသခံတွေက ပြောကြတယ်။ အင်းရေပြင်ပေါ်က လှေကလေးတွေဟာ တအိအိနဲ့ ကြာတောအုပ်ကြီးဆီကို ဦးတည်သွားနေကြတယ်။ ဒီမြင်ကွင်းတွေက လတ်တလောဖေ့ဘွတ်စ်လူမှု့ကွန်ရက်ပေါ်မှာ နာမည်ကြီးနေတဲ့ စွန်ရဲအင်းထဲက မြင်ကွင်းတွေပဲ ဖြစ်ပါတယ်။ ကြာပွင့်ကြာရိုးတွေနဲ့ ပြည့်နေတဲ့ စွန်ရဲအင်းကို ဒေသခံတွေက ကြာကန်လို့လည်း ချစ်စနိုးခေါ်ကြတယ်။ ကြာတောထဲရောက်ရင် အမ