Posts

Showing posts with the label နိုင်ငံရေး

"ရွေးကောက်ပွဲနေ့ မဲပေးခဲ့ကြတဲ့ မန္တလေးက ဖိုးဖိုးဖွားဖွားတွေ..."

Image

"ရွေးကောက်ပွဲနေ့မှာ သတင်းသမားတဦး အတွေ့အကြုံ"

Image

'ရွေးကောက်ပွဲအကြို တိတ်ဆိတ်သောနေ့'

( ဧရာဝတီသတင်းစာမျက်နှာမှ တဆင့်ကူးယူဖော်ပြပါသည်။) အားလုံးသိထားပြီးဖြစ်တဲ့အတိုင်း ၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲကြီးကျင်းပဖို့ နာရီပိုင်းသာလိုပါတော့တယ်။ နိုဝင် ဘာလ၈ရက်နေ့၊ တနင်္ဂနွေနေ့မှာ ပြုလုပ်တော့မှာပါ။ ရွေးကောက်ပွဲမတိုင်ခင်တရက်ကတော့ ပါတီတွေ မဲဆွယ်စည်းရုံးရေး လုပ်ငန်းစဉ်အားလုံး ရပ်နားထားရမယ့်နေ့ Silent Day (တိတ်ဆိတ်သောနေ့)ပါ။ မဲဆွယ်စည်းရုံးရေးလုပ်ငန်းတွေကို ပြီးခဲ့တဲ့ စက်တင်ဘာလ၈ရက်ကနေ ရွေးကောက်ပွဲမကျင်းပမီ တရက်အလိုနေ့ အထိ အပြိုင်အဆိုင်ပြုလုပ်ခဲ့ကြပြီးလို့ ဒီတိတ်ဆိတ်တဲ့နေ့မှာတော့ ပါတီတွေဘက်ကရော၊ သူတို့ကို အားပေးထောက်ခံတဲ့ လူ တွေ အားလုံးပါ မဲဆွယ်စည်းရုံးရေးဆန်တဲ့ အဝတ်အစားတွေ၊ အပြုအမူတွေ မပြုလုပ်ရမယ့်နေ့။ ဒီနေ့ကို Silent day (တိတ်ဆိတ်သောနေ့)လို့ သတ်မှတ်ထားတာပဲဖြစ်ပါတယ်။ ဘယ်ပါတီ၊ ဘယ်ကိုယ်စားလှယ်ကို ရွေးချယ်မဲပေးမလဲဆို တာကို မဲဆန္ဒရှင်ပြည်သူတွေ အေးချမ်းစွာ ဆုံးဖြတ်နိုင်ဖို့ တိတ်တိတ်ဆိတ်ဆိတ် နေခိုင်းတဲ့နေ့လို့ အလွယ်တကူ ဆိုနိုင်ပါ တယ်။ တိတ်ဆိတ်သောနေ့ မတိုင်ခင် တရက်အလို (နိုဝင်ဘာလ ၆ရက်) နဲ့ တိတ်ဆိတ်သောနေ့ (နိုဝင်ဘာလ၇ရက်) နေ့တွေမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး မန္တလေးမြို့မှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ...

"နီမလား စိမ်းမလား မိတ္ထီလာ"

Image

မဲပေးဖို့အရေး… ဒါဖတ်ပါ…

Image

" မန္တလေးတိုင်းမှာ NLDအခက်တွေ့နိုင်မယ့် မဲဆန္ဒနယ်မြေတွေရှိတယ်"

- by အေးမွန်ရာပြည့် | 09 Oct 2015 (ဧရာဝတီသတင်းစာမျက်နှာမှတဆင့် ကူးယူဖော်ပြပါသည်။) မန္တလေးတိုင်းဒေသကြီး အတွင်းမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီအနေနဲ့ ၂၀၁၅ ရွေးကော်ပွဲအတွက် အကြိတ်အနယ် ယှဉ်ပြိုင်ရမယ့် မဲဆန္ဒနယ်မြေ တချို့ ရှိနေပါတယ်။ သေချာလေ့လာ သုံးသပ်ပြီး သိရသလောက်ကတော့ NLD ပါတီအနေနဲ့ မန္တလေးတိုင်းအတွင်းမှာ ရေကုန်ရေခမ်း ယှဉ်ပြိုင်ရမယ့် နေရာ ၉ နေရာခန့် ရှိနေပါတယ်။ ဒီအထဲမှာမှ အသည်းအသန် ပုဝါမကူရေမရှုကြေး ယှဉ်ပြိုင်ရမယ့် နယ်မြေတွေကတော့ ၃ နေရာပါ။ အဲ့ဒါတွေကတော့ စစ်တပ်မြို့လို့ အများကသိကြတဲ့ ပြင်ဦးလွင် မဲဆန္ဒနယ်၊ တပ်အများစု အခြေစိုက်တဲ့ မိတ္ထီလာ မဲဆန္ဒနယ်နဲ့ လက် ရှိ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဝင်ရောက်ယှဉ်ပြိုင်မယ့် ရမည်းသင်းမြို့နယ် မဲဆန္ဒနယ်တွေပဲ ဖြစ်ပါတယ်။ ရမည်းသင်းခရိုင် အမျိုးသားလွှတ်တော်နေရာအတွက် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေး ပါတီ(ကြံ့ခိုင်ရေး)ကနေ ဦးခင်အောင်မြင့် ဝင်ပြိုင်မှာဖြစ်ပါတယ်။ ဦးခင်အောင်မြင့်ဟာ လက်ရှိအချိန်မှာလည်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ တစ်ဦးဖြစ်နေတဲ့အတွက် အမှန် တကယ်အားစိုက်ပြီး မဲဆွယ်စည်းရုံးရမှာ ဖြစ်ပါတယ်။ ဒါ့အပြင်လည်း ရမည်းသင်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)...