Posts

Showing posts from December, 2015

မန္တလေးမြို့အနီးနားက တရက်တာ လည်ပတ်စရာ

Image
(ဒီဗွီဘီသတင်းစာမျက်နှာမှတဆင့်ကူးယူဖော်ပြပါသည်။) အကယ်၍ ဒီဇင်ဘာလအတွင်းမှာ စာဖတ်သူတွေအနေနဲ့ မန္တလေးမြို့ကို ရောက်နေပြီဆိုရင် မဖြစ်မနေ သွားရောက်လေ့လာဖို့သင့်တဲ့ တရက်တာခရီးစဉ် အတိုလေးတခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မန္တလေးမြို့ရဲ့ အနောက်တောင်ဘက် မိုင်အနည်းလောက်အကွာမှာရှိတဲ့ ရှေးဟောင်းမြို့လေးတမြို့ရယ်၊ ခုတလော နာမည်ကြီးနေတဲ့ စေတီတဆူရယ်နဲ့ ကမ္ဘာကသိတဲ့အထိကို နာမည်ကျော်ကြားလှတဲ့ နေရာတနေရာရယ်… ဒါတွေအားလုံးကို တရက်တည်းသွားနိုင်မယ့် ခရီးစဉ်လေးပါ။ အခုလ ၈  ရက်နေ့က ကိုယ်တိုင်ကိုယ်ကျ သွားရောက်ခဲ့တဲ့ ဒီတရက်စာ ခရီးတိုလေးကို စာဖတ်သူတွေအတွက် ပြန်လည်မျှဝေလိုက်ပါတယ်။ ကျမတို့က အယောက် ၂၀ အဖွဲ့ကြီးလာကြတာ။ ကားနှစ်စီးနဲ့ပေါ့။ မန္တလေးမြို့တွင်း စုရပ်ကနေပြီး ၇ နာရီမှာ ထွက်ခဲ့ကြတယ်။ အင်းဝမြို့တွင်းကို ၇ နာရီခွဲကျော်ကျော်လောက်မှာ ဝင်ပါတယ်။ မယ်နုအုတ်ကျောင်းကိုတော့ ၈ နာရီမရှိတရှိ အချိန်မှာ ရောက်ပါတယ်။ လမ်းမှာ တယောက်က ကားမူးနေလို့ နည်းနည်းကြာသွားသေးတာကြောင့်လည်း ပါပါတယ်။ မယ်နုအုတ်ကျောင်းကိုရောက်တော့ စောနေသေးလို့လား မသိဘူး။ လူတယောက်မှ မရှိသေးဘူး။ ရှေးဟောင်းသုတေသနကဖွင့်တဲ့ ရုံးခန်းသေးသေးလေးမှာ လမ်းညွှန်စာအုပ်လေး ဝယ်ချင်လို

"မန္တလေးမြို့က အရီး မစီမာ တမ်းချင်း"

Image
 on facebook Share on twitter Share on email မစီမာအချဉ်ပေါင်းထုတ်လုပ်ခဲ့သူ ကွယ်လွန်သူ ဒေါ်စီမာ (ဓာတ်ပုံ-အေးမွန်ရာပြည့်) ( ဧရာဝတီသတင်းစာမျက်နှာမှတဆင့် ကူးယူဖော်ပြပါသည်။) မစီမာအချဉ်ပေါင်းတွေဟာ မန္တလေးမြို့ရဲ့ထွက်ကုန်တခုလိုကို နာမည်ကြီးတယ်။ ဆိုးဆေး၊ ဓာတုဗေဒ ခံဆေးတွေ လုံးဝမပါဘဲ သဘာဝအတိုင်းပဲ ထုတ်လုပ်ထားတာကြောင့် ကျန်းမာရေးကိုလည်း မထိခိုက်စေဘူး။ အဝေး ရောက် မန်းသူမန်းသားတွေက လူကြုံရှိရင် မစီမာ အချဉ်ပေါင်းကို တခုတ်တရ လှမ်းမှာတတ်ကြတယ်။ မှာတဲ့အခါတိုင်းလည်း ‘အချဉ်ပေါင်း’ဆိုတာကို ဖြုတ်ပြီး ‘မစီမာဝယ်ခဲ့ပေးပါ…’ ‘မစီမာ စားမယ်….’ ‘မစီမာ မှာချင်လို့…’ ဆိုပြီး တမ်းတတတ်ကြတယ်။  တကယ်ကိုလည်း မန္တလေးမြို့နဲ့ မစီမာဟာ အရမ်းကို ရင်းနှီးအသားကျလွန်းလှတဲ့ အမည်နာမ တခုအဖြစ်ရှိခဲ့တယ်။ မစီမာဟာ မန္တလေးမြို့ရဲ့ထွက်ကုန်တခုလိုပဲဖြစ်ခဲ့တယ်။ မန္တလေးရောက်ရင် မပါမဖြစ် လက်ဆောင် အဖြစ် တခုတ်တရ ဝယ်ယူကြရတယ်။ ဒီမစီမာအချဉ်ပေါင်းကို ပုံသွင်းဖန်တီးခဲ့သူကတော့ မစီမာ (ဒေါ်စီမာ)ပါ။ မွေးစအချိန်ကတည်းက ဖခင်ဖြစ်တဲ့ ရဲတပ်သား ကြီး ပေးခဲ့တဲ့  ‘ မစီမာ’ ဆိုတဲ့ အမည်ရင်းကို အသုံးပြုပြီး အချဉ်ပေါင်းများထုတ်လုပ်ခဲ့သူ အမျိုးသမီးကြီးပဲဖြစ