Posts

Showing posts from August, 2015

ကန္နားတော်ရွာ က မြန်မာ့ဂျပ်စက္ကူ ရုပ်ကလေးတွေ

Image
(ဒီဗွီဘီသတင်းစာမျက်နှာမှ တဆင့်ကူးယူဖော်ပြပါသည်။) မြန်မာလူမျိုးတွေက လာဘ်ကောင်အဖြစ် ဆောင်လေ့ရှိတဲ့ ဇီးကွက်ရုပ်၊ ပစ်တိုင်းထောင်ရုပ်တို့လို ဂျပ်စက္ကူအရုပ်တွေ ဘယ်ကလာသလဲ လမ်းစရှာကြည့်ရင် စစ်ကိုင်းမြို့အနီးက ကန္နားတော်ရွာကို တွေ့ရပါမယ်။ ကန္နားတော်ရွာက ဂျပ်စက္ကူ အရုပ်လေးတွေကို ရွာလုံးကျွတ်ထုတ်လုပ်တဲ့ မြန်မာနိုင်ငံက တခုတည်းသော ရွာကလေးပါ။ ရွာလေးက သေးသေးလေးဆိုပေမယ့် သူ့ရဲ့ သမိုင်းကြောင်းနဲ့ ရာဇဝင်ကတော့ မသေးလှပါဘူး။ ရွာရဲ့သက်တမ်း နှစ်ပေါင်း ရာနဲ့ခဲ့ပါပြီ။ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀၀ လောက်က အင်းဝဘုရင် ဒုတိယ ဘုရင်မင်းခေါင် တည်ထားခဲ့တဲ့ အဘယဘုရားနဲ့အတူ ဆက်စပ်ပြီး ဖြစ်တည်ခဲ့တဲ့ ရွာကလေးပါ။  အဘယဘုရားရဲ့ အနောက်ဘက်မှာရှိတဲ့ နတ်ကွန်းမှာ ကန္နားပေးလေ့ ရှိရာကတဆင့် ကန္နားတော်ရွာဆိုပြီး ပေါ်ပေါက်ခဲ့တာပဲ ဖြစ်ပါတယ်။ အခု စာဖတ်သူတွေကို တင်ပြမှာကတော့ ကန္နားတော်ရွာအကြောင်း မဟုတ်ပါဘူး။ ကန္နားတော်ရွာက ရိုးရာလက်ဖြစ် ဂျပ်စက္ကူ ရုပ်လုပ်ငန်း အကြောင်းပဲ ဖြစ်ပါတယ်။ ကန္နားတော်ရွာမှာ ဂျပ်စက္ကူ ရုပ်တွေ စတင်ပြုလုပ်ခဲ့တာကတော့ နှစ်ပေါင်း ၁၀၀ လောက်ရှိပါပြီ။ တရွာလုံးမှာ အရုပ်အဓိကလုပ်တဲ့ အိမ်စုစုပေါင်း ၃၀ လောက်ရှိတယ်။ တချို့အိမ်တွေကလည်း

နတ်ပွဲ အားလုံးအစ… ကျွန်းပင်က

Image
(ဒီဗွီဘီသတင်းစာမျက်နှာမှ တဆင့်ကူးယူဖော်ပြပါသည်။) မြန်မာနိုင်ငံအဝှမ်းမှာ ရာသီအချိန်အလိုက် ကျင်းပတဲ့ ရိုးရာနတ်ပွဲတွေ ပြန်လည်စတင်ပါပြီ။ မြန်မာပြက္ခဒိန်အရ နှစ်စဉ် ဝါခေါင်လဆန်းတရက်နေ့မှာ ကျင်းပတဲ့ ရွှေကျွန်းပင်မောင်နှမနတ်ပွဲဟာ ‘နတ်ပွဲအစ ကျွန်းပင်က’ ဆိုတဲ့ ဆိုရိုးနဲ့အညီ နတ်ပွဲတွေအားလုံးရဲ့ ဖွင့်ပွဲအစ ဖြစ်ပါတယ်။ နတ်ပွဲတွေ ပြန်လည်စတင်တော့မှာမို့ ဒေသထွက်ကုန်တွေကို လှည့်လည်ရောင်းချကြတဲ့ တောသူတောင်သားတွေ၊ ဆယ့်နှစ်ပွဲဈေးသည်တွေနဲ့ နတ်ကိုးကွယ်ပသသူ (နတ်ကတော်တွေ) ကို တက်တက်ကြွကြွ မြင်တွေ့ရမယ့်ပွဲကတော့ ရွှေကျွန်းပင် (ကျွန်းပင်) ပွဲလို့ ဆိုရမှာပါ။ ကျွန်းပင်နတ်ပွဲလုပ်တာကတော့ မင်းကွန်းပုထိုးတော်ကြီးရဲ့ တောင်ဘက်အခြမ်းမှာရှိတဲ့ မင်းကွန်းတောင်ရွာမှာပါ။ မန္တလေးကနေ မင်းကွန်းဘက်အထိ ဆိုင်ကယ်နဲ့ ဖြည်းဖြည်းမှန်မှန် သွားရင် အချိန်တနာရီခွဲကျော်ကျော်လောက် ကြာပါတယ်။ စစ်ကိုင်း-မင်းကွန်းလမ်းကတော့ ကုန်းတက်ကုန်းဆင်းတွေ၊ အလိမ်အကွေ့တွေ ပေါလိုက်တာ ရိုလာကိုစတာ စီးနေရသလိုပါပဲ။ လမ်းကြောဟာ အန္တရာယ်များတာကြောင့် သေချာဂရုစိုက်စီးရတယ်။ လမ်းကတော့ ဖြောင့်ဖြူးနေတယ်။ လမ်းမတလျှောက်မှာ ရွာလည်းမကျ၊ ရပ်ကွက်လည်းမကျတဲ့ ရွာသေးသေးလေးတွေရှိတယ

ပြည်သူ့ချန်ပီယံအသင်းမှ ကြယ်တစ်ပွင့်

Image
( December 25, 2013 ·  နေ့ထုတ် 7day news Journal မှတဆင့် ပြန်လည်ကူးယူဖော်ပြပါသည်။) ဆီးဂိမ်းအမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ပြည်သူ့အချစ်တော် မြန်မာအမျိုးသမီးဘောလုံးအသင်းမှ ပရိသတ်များအာရုံကို ထူးထူးခြားခြား ညှို့ယူဖမ်းစားနိုင်ခဲ့သူတစ်ဦးရှိခဲ့ပါသည်။ သူက ကွင်းလယ်ကစားသမားတစ်ဦးဖြစ်ပြီး မြန်မာအသင်း၏ ကစားကွက်များကို ကွင်းလယ်မှ ပုံဖော်ပေးနေသူဖြစ်သည်။ ထိုင်းနှင့်ပွဲမှအပ ကျန်ပွဲစဉ်တိုင်းတွင် မြန်မာအသင်း၏ ကွင်းလယ်ကို အကောင်းဆုံး ထိန်းကျောင်းကစားနိုင်ခဲ့ပြီး ဆီးဂိမ်းပွဲစဉ်လေးပွဲတွင် နှစ်ဂိုးသွင်းယူနိုင်ခဲ့သလို အသင်းဖော်များ ဂိုးသွင်းယူနိုင်ရန်အတွက်လည်း ဖန်တီးမှုများ ပြုလုပ်ပေးနိုင်ခဲ့သည်။ အသင်းသားအားလုံးနီးပါးမှာ ကျားကျားလျားလျားဟန်ပန်များကြား အမျိုးသမီးတစ်ဦး၏ ဟန်ပန်ရှိသူ၊ အသားအရေဖြူဝင်းပြီး ဆံရှည်လေးဖြင့် ချစ်စဖွယ်အသွင်ရှိသူ၊ နုနယ်ဟန်ရှိသော်လည်း အမျိုးသားတစ်ဦးကဲ့သို့ စွမ်းဆောင်နိုင်သည့် သူမကို မြန်မာဘောလုံးပရိသတ်များက ထူးထူးခြားခြားအားပေးခဲ့ကြသည်။ ပြိုင်ဘက်အသင်းဖြစ်သော ထိုင်းနိုင်ငံဘောလုံးအသင်း၏မန်နေဂျာ ဒေါက်တာချန်ဗစ်ပိုချီဝင်းကပင် သူ၏နည်းစနစ်၊ ကြံ့ခိုင်မှု၊ ရွေ့လျားပုံများကို အလွန်ကောင်းမွန်ပြီး ပ

‘ ခံတပ်အိုကြီးသုံးခု ’

Image
(ဧရာဝတီဂျာနယ်မှ တဆင့်ပြန်လည်ကူးယူဖော်ပြပါသည်။) မြို့သုံးမြို့မှာ ဖိုခနောက်ဆိုင်(သုံးပွင်ဆိုင်)အဖြစ်နဲ့ ဒီနေ့အချိန်ထိ ခန့်ခန့်ထည်ထည်ကြီးတည်ရှိနေဆဲ သမိုင်းဝင်ခံတပ်ကြီးသုံးခုနဲ့ ဒီတစ်ပတ်မှာ စာဖတ်သူတွေကို မိတ်ဆက်ပေးချင်ပါတယ်။ ဒီခံတပ်ကြီးသုံးခုစလုံးဟာ ဧရာဝတီမြစ်ကမ်းနံဘေးမှာ မေးတင်တည်ထားတာချင်းလည်း တူတူဖြစ်ပြီး အချိန်မရှေးမနှောင်းတွေအတွင်းမှာပဲ တပြိုင်နက်တည်း တည်ဆောက်ခဲ့တာလည်း အတူတူဖြစ်ပါတယ်။ အထက်မြန်မာပြည်ကို သိမ်းပိုက်ဖို့လာတဲ့ ဧရာဝတီမြစ်ကြောင်းတလျှောက်က တက်လာမယ့် အင်္ဂလိပ်စစ်တပ်ကို စနစ်တကျ တိုက်ခိုက်နိုင်ဖို့မင်တုန်းမင်းလက်ထက်မှာ တည်ဆောက်ခဲ့တဲ့ ခံတပ်တွေပဲဖြစ်ပါတယ်။ အဲ့ဒီခံတပ်သုံးခုကတော့ မန္တလေးမြို့၊ အမရပူရမြို့နယ်၊ ရွှေကြက်ယက်ဒေသဘက်က သပြေတန်းခံတပ်၊ စစ်ကိုင်းမြို့က အစေခံခံတပ်နဲ့ အင်းဝမြို့ဟောင်းက ဆင်ကျုံးခံတပ်တွေပဲ ဖြစ်ပါတယ်။ ခုချိန်မှာ အစိုးရတာဝန်ရှိသူတွေရဲ့ ဂရုစိုက်မှုကိုမခံရတော့တဲ့ လျစ်လျူရှုခံရှေးဟောင်းသမိုင်းဝင်ခံတပ်ကြီးတွေအဖြစ်လည်း ဒီခံတပ်သုံးခုဟာ တူညီစွာရှိနေပါသေးတယ်။ -       သပြေတန်းခံတပ် - ခံတပ်သုံးခုထဲမှာ သပြေတန်းခံတပ်ဟာ အရွယ်အစားအကြီးဆုံးနဲ့ ထုထည်အကောင်းဆုံး ခံတပ်ကြီးလည်း ဖြစ်ပ

ဝါးဖောင် တွေပေါ်က သူတို့ဘဝ

Image
(ဒီဗွီဘီ သတင်းစာမျက်နှာ်မှ တဆင့်ကူးယူဖော်ပြပါသည်။) မန္တလေးမြို့ရဲ့ အနောက်ဘက်အကျဆုံး ဧရာဝတီမြစ်ကမ်းဘေးတလျှောက်က ရေပေါ်တဲအိမ်လေးတွေဆီကို ဒီတပတ်မှာ အလည်သွားကြရအောင်ပါ။ မြို့အနောက်မြောက်ဘက်အစွန်း ဖြစ်တဲ့ ကျွဲစွန်းဆိုတဲ့ နေရာကနေ မြောက်ဘက်ထိပ်ညောင်ကွဲလိ့ ခေါ်တဲ့ရပ်ကွက်အထိ တတန်းကြီး စီတန်းထားတဲ့ ဝါးဖောင်တွေ၊ ရေပေါ်တဲအိမ်လေးတွေကို ရှိတဲ့ဆီကိုပါ။ ဧရာဝတီမြစ် အထက်ပိုင်းဒေသတွေကနေ ဝါးတွေကိုဖောင်လုပ်ပြီး သယ်လာကြတယ်။ ဒီကျွဲစွန်းနဲ့ ညောင်ကွဲကြားထဲနေရာမှာ ဝါးနဲ့ပတ်သက်တဲ့ ဝါးကပ်တို့လို ပစ္စည်းတွေကို ထုတ်လုပ်ဖို့ ရပ်နားကြတယ်။ အခုသွားလည်မယ့် ရေပေါ်အိမ်လေးတွေဆိုတာ အဲ့ဒီအထက်ကနေ သယ်လာတဲ့ ဝါးဖောင်ကြီးတွေပေါ်မှာ ဆောက်ထားတဲ့ တဲအိမ်လေးတွေပေါ့။ ဝါးဖောင်တွေနဲ့ တဲအိမ်တွေကို မြင်ချင်တယ်ဆိုရင်တော့ အရင်ဆုံး ကမ်းနားလမ်းကို ရောက်အောင်သွားရမယ်။ ပြီးရင် မြစ်ကမ်းနားဘောင်ပေါ်ကနေ မြစ်ဘက်ကို ကုန်းလျှောလေးအတိုင်း ဆင်းလိုက်ရမယ်။ ဆင်းလိုက်တာနဲ့ မြစ်ကမ်းနံဘေးမှာနေကြတဲ့ ကျူးတဲအိမ်တချို့ကို တွေ့မယ်။ သူတို့ကို နည်းနည်းကျော်ဖြတ်လိုက်ပြီးရင်တော့ ဝါးဖောင်တွေနဲ့ မြစ်ပြင်ကြီးကို တွေ့ပါပြီ။ ဖောင်တွေပေါ်မှာ တဲအိမ်လေးတွေက ဟိုတကွက်ဒီတကွက်

သမိုင်းတွင်သွားတဲ့ မြန်မာ့မြေကပရဟိတလှုပ်ရှားမှုများ

Image
(ဒီဗွီဘီသတင်းစာမျက်နှာမှတဆင့် ကူးယူဖော်ပြပါသည်။) လက်ရှိအချိန်မှာ မြန်မာနိုင်ငံအတွင်းက တိုင်းနဲ့ပြည်နယ် ၁၄ ခုမှာ ၁၂ ခုလောက်က ရေကြီးရေလျှံ ဖြစ်နေပါတယ်။ ကယားပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီး တို့ကလွဲရင် တခြားပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေတာပါ။ ဇွန်လနဲ့ ဇူလိုင်လအတွင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ မိုးပြင်းထန်စွာ ရွာသွန်းမှုတွေကြောင့် တိုင်းနဲ့ ပြည်နယ် ဒေသကြီး ၁၂ ခုက မြို့နယ်စုစုပေါင်း ၄၃ မြို့နယ်မှာ လူဦးရေပေါင်း ၁ သိန်းကျော် ၂ သိန်းနီးပါးဟာ ရေဘေးအန္တရာယ် ခံစားနေရပါတယ်။ ရေဘေးကြောင့် ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ မန္တလေးတိုင်းဒေသကြီး အတွင်းက ပြည်သူအချို့ ထိခိုက်သေဆုံးတာ၊ ဒဏ်ရာရတာ ရှိခဲ့ပြီး စုစုပေါင်း လူ ၄၀ ကျော် သေဆုံးခဲ့ပါတယ်။ စပါးစိုက်ဧကများစွာ ပျက်စီးဆုံးရှုံးခဲ့သလို နေအိမ်အဆောက်အဦနဲ့ လမ်းတံတားများ အများအပြား ပျက်စီးဆုံးရှုံးခဲ့ပါတယ်။ ရေဘေးကြောင့် လူသေဆုံးမှုနဲ့ ပျက်စီးဆုံးရှုံးမှုတွေဟာ ဆက်လက်တိုးမြင့်လာနိုင်တယ်လို့ ခန့်မှန်းမှုတွေလည်း ရှိနေပြီး ရေဘေးသင့်ဒေသက ပြည်သူလူထု အများစုကလည်း သူတို့ရဲ့ အသက်အိုးအိမ် စည်းစိမ်တွေအတွက် စိုးရိမ် ထိတ်လန့်နေကြပါတယ်။ ဒီလို