Posts

Showing posts from June, 2016

"ဂိုးဂိုးဂေါက်ဂေါက် ခုံဖိနပ်တို့ရဲ့ အနာဂတ်"

Image
ခုံဖိနပ်ပြုလုပ်နေသည့် မြင်ကွင်းများ (ဓာတ်ပုံ- အေးမွန်ရာပြည့်) ‘ မိုးစိုစီး’လို့ နာမည်ပြောင်ပေးထားတဲ့ဖိနပ်ကို သိကြပါသလား။  ခုခေတ်ပေါ် ရာဘာဖိနပ်တွေလို မပူဘူး။ မချော် ဘူး။ ရိုးရှင်းတယ်။ ခိုင်ခံ့တယ်။ တခြားဖိနပ်တွေနဲ့ လုံးဝမတူတဲ့ ထူးခြားချက်တချက် ဒီဖိနပ်မှာ ရှိတယ်။ သူ့ရဲ့ထူးခြားချက်ကြောင့် ဒီဖိနပ်စီးထားသူဟာ အခြား သာမန်ဖိနပ်စီးထားသူတွေနဲ့ယှဉ်ရင် လူတွေကြားမှာ ပိုပြီး ထူးထူး ခြားခြား ပေါ်လွင်နေလေ့ရှိတယ်။ လူတွေရဲ့ အထူးတလည် စိတ်ဝင်စားခြင်းကိုလည်း ခံရတတ်တယ်။ ဘာကြောင့်လည်းဆိုတော့ ဒီဖိနပ်စီးထားပြီး လမ်းလျှောက်လိုက်ရင် ဂိုးဂိုးဂေါက်ဂေါက်နဲ့ အသံစွာကျယ်စွာကျယ် ထွက်နေ တတ်လို့ပါပဲ။ ဒီလိုအသံထွက်နေလို့ ဆရာတင်မိုးက ‘ခုံဖိနပ်ကြီး ဂိုးဂိုးဂေါက်ဂေါက်’ ဆိုတဲ့ ခေါင်းစဉ်နဲ့ ကဗျာစပ်ခဲ့တာပါ။ ဖိနပ်က ထွက်လာတဲ့ တဂေါက်ဂေါက် အသံကိုက ဒီဖိနပ်ရဲ့ ဆွဲဆောင်မှုတခု၊ သင်္ကေတခုလို ဖြစ်နေတယ်။ လူကြီး၊ လူ လတ်ပိုင်းအရွယ်တွေကတော့ ဂိုးဂိုးဂေါက်ဂေါက်ဆိုတာနဲ့ အသားခုံဖိနပ်လေးတွေကို မျက်လုံးထဲ ပြေးမြင်ကြတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်နှစ်စုကျော်ကာလတွေတုန်းကတော့ အမျိုးသား၊ အမျိုးသမီး၊ ကြီးကြီးငယ်ငယ် အရွယ်ပေါင်းစုံဟာ ခုံဖိ နပ်တွေနဲ့ တရင်း

"ကမ္ဘာသိအရှင်သူမြတ် မင်းကွန်းဆရာတော်ကြီးရဲ့ကျောင်းတိုက်"

Image
မင်းကွန်းလို့ဆိုရင် အများစုက ထုထည်ကြီးမားလှတဲ့ ပုထိုးတော်ကြီး၊ ခေါင်းလောင်းကြီး၊ ခြင်္သေ့ကြီး၊ မြ သိန်းတန်စေတီ စတဲ့ အထင်ကရနေရာတွေကိုပဲ မျက်စိထဲမြင်တတ်ကြပါတယ်။ တကယ်တော့ မင်းကွန်းရွာကလေးဟာ ဒီအထင်ကရ ဗုဒ္ဓသာသနိကအဆောက်အအုံတွေကြောင့် ကမ္ဘာမှာ နာမည်ကျော် ကြားသလို ဂင်းနစ်မှတ်တမ်းမှာ ဖော်ပြခံခဲ့ရဖုူးတဲ့ မင်းကွန်းတိပိဋက ဆရာတော်ဘုရားကြီးလို့ ထင်ရှားကျော်ကြားတဲ့ ဆရာ တော် ဦးဝိစိတ္တသာရာဘိဝံသရဲ့ ပုံရိပ်တွေကြောင့်ပါ ကမ္ဘာကျော်ရွာလေးဖြစ်ခဲ့တယ်။ မင်းကွန်းဆရာတော်ဘုရာကြီး ပုံတူပန်းချီ (ဓာတ်ပုံများ- အေးမွန်ရာပြည့်) မင်းကွန်းဆရာတော်ဘုရားကြီးဟာ စာမျက်နှာ (၁၆၀၀၀)၊ အုပ်ရေ(၂၀)ရှိတဲ့ ပိဋကတ်သုံးပုံကို အရကျက်မှတ် အာဂုံဆောင် နိုင်ခဲ့တာကြောင့် ၁၉၈၅ခုနှစ်မှာ ကမ္ဘာ့မှတ်ဉာဏ် အကောင်းဆုံးပုဂ္ဂိုလ်အဖြစ် ဂင်းနစ်မှတ်တမ်းဝင်ခဲ့တာပါ။ ဆရာတော်ဘုရားကြီးကို ၁၉၁၁ ခုနှစ် ၊ နိုဝင်ဘာလ(၁)ရက်နေ့က မြင်းခြံမြို့နယ်၊ ကျည်ပင်ရွာမှာ ဖွားမြင်ခဲ့တာဖြစ်ပါတယ်။ ငယ်နာမည်ကတော့ မောင်ခင်ပါ။ အသက်(၇)နှစ်အရွယ်မှာ မြင်းခြံနယ်ထဲက မင်းကျောင်းတိုက်မှာ သင်္ကန်းစဝတ်ခဲ့ပါ တယ်။ ဉာဏ်အရမ်းထက်မြက်ပြီး ပါဠိစာပေတွေမှာ ကျွမ်းကျင်နှံ့စပ်တာကြောင့် အသက်(၁၀)နှစ်