Posts

Showing posts from January, 2016

ထင်းရှူးတောထဲ ခရီးသွားခြင်း

Image
တောကြမ်းလမ်း ခရီးသွားခြင်းလို့ အဓိပ္ပါယ်ရတဲ့ Trekking( ထရက်ကင်း)ဆိုတဲ့ အင်္ဂလိပ်စကားလုံးနဲ့ အသားကျနေတဲ့မြို့ကလေး။ ဒီစကားလုံးဟာ တမြို့လုံးမှာရှိတဲ့ လူကြီး၊ လူလတ်၊ လူငယ် အမျိုးသား အမျိုးသမီးမရွေး အကုန်လုံးနီးပါးနဲ့ တနည်းမဟုတ်တနည်း ဆက်စပ်နေတယ်။ တောင်တွေပတ်လည်ဝန်းရံထားပြီး ချိုင့်ခွက်ကလေးလိုဖြစ်နေတာကြောင့် တောတောင်ရှုခင်းရော၊ ရာသီဥတုကပါ နိုင်ငံခြားခရီးသွား ဧည့်သည်တွေကို စွဲဆောင်နိုင်စွမ်း အပြည့်ရှိတဲ့မြို့ကလေး။ ဒီမြို့လေးကို ထင်းရှူးမြေ(pine land)လို့လည်း ခေါ်ဝေါ်လေ့ရှိကြတယ်။ မြို့လေးနာမည်ကတော့ ကလောမြို့လေးပါ။ ကလောမြို့ကို ဗဟိုပြုပြီး ထရက်ကင်း တောကြမ်းခရီးထွက်တဲ့ နိုင်ငံခြားခရီးသွားတွေ တနှစ်ထက် တနှစ် ပိုများလာနေတယ်။ မူလကတည်းက ကလောမြို့နဲ့ ထရက်ကင်းခရီးစဉ်တွေဟာ ပုံမှန်ရှိနေပေမယ့် အစိုးရသစ်တက်လာပြီးနောက်ပိုင်း ၂၀၁၀-၂၀၁၁-၂၀၁၂ တွေမှာမှ နိုင်ငံခြားသားတွေကြားမှာ ပိုပြီး ရေပန်းစားလာခဲ့တာဖြစ်ပါတယ်။ အခုဆိုရင် ကလောမြို့လေးပေါ်မှာ နိုင်ငံခြားသားတွေကို တောလမ်းခရီးသွားဝန်ဆောင်မှုပေးတဲ့ အေဂျင်စီသေးသေးလေးတွေဟာ မှိုကျင်းလိုပဲ အုံနဲ့ကျင်းနဲ့ အများကြီးရှိနေပြီ။ ဒါတွေနဲ့ဆက်စပ်ပြီး ဟိုတယ်တွေ၊ ရီဆော့တွေ၊ စားသော

လည်ပတ်စရာတွေ ပြည့်နေတဲ့ တောင်ပေါ်မြို့လေး

Image
By  ဒီဗွီဘီ 17 January 2016  မြန်မာနိုင်ငံ အင်္ဂလိပ်ကိုလိုနီလက်အောက်ကျချိန်အတွင်းမှာ အင်္ဂလိပ်တွေကိုယ်တိုင် တည်ခဲ့ပြီး ကိုလိုနီလက်ရာအဆောက်အဦးဟောင်းတွေ မပျောက်မပျက်ရှိနေသေးတဲ့ တောင်ပေါ်မြို့လေး တစ်မြို့နဲ့ ဒီတပတ်မှာ စာဖတ်သူတွေကို မိတ်ဆက်ပေးလိုက်ပါတယ်။ ကိုလိုနီခေတ်လက်ရာတွေနဲ့ တောင်ပေါ်မြို့လေးလိုဆိုလိုက်တာကြောင့် မိတ်ဆွေတွေမျက်စိထဲမှာ နာမည်ကျော်မေမြို့ (ပြင်ဦးလွင်မြို့)ကို ပြေးမြင်ကြမှာပါ။ တကယ်ကတော့ မဟုတ်ပါဘူး။ ရှမ်းပြည်နယ်အစပ်နားက တောင်တွေပတ်လည်ဝိုင်းထားလို့ ယောက်ချိုခွက်လေးလိုဖြစ်နေတဲ့ နေရာအခင်းအကျင်းမှာတည်ထားတဲ့ ကလောမြို့လေးအကြောင်းပဲဖြစ်ပါတယ်။ ကလောမြို့ဟာ အင်္ဂလိပ်တွေအချိန်အကြာဆုံးနေထိုင်သွားကြတဲ့မြို့ ဖြစ်တယ်လို့ မြို့ခံတွေက သိထားကြတယ်။ နောက်ဆုံးမြန်မာနိုင်ငံလွတ်လပ်ရေးရသွားချိန်မှာတောင် အင်္ဂလိပ်တွေဟာ ဒီမြို့လေးကနေ ထွက်မပေးသေးတာကြောင့် အနီးနားကတိုင်းရင်းသားတွေကိုယ်တိုင် ဝိုင်းဝန်း နှင်ထုတ်ခဲ့ကြရတယ်လို့ ဆိုကြတယ်။ သူတို့မစွန့်နိုင်ဖြစ်ရလောက်အောင်လည်း ကလောမြို့လေး ရဲ့ ရာသီဥတုရော၊ ဒေသပတ်ဝန်းကျင်ရော၊ ရေခံမြေခံတွေကပါ အလွန်ကောင်းလွန်းလှတယ်။ အခုလိုအေးတဲ့အချိန်တွေဆိုရင် ချယ်ရီပန်းတွေဖော

လွတ်လပ်ရေးနေ့နဲ့ ဆုံခဲ့တဲ့ ကလောဈေးနေ့ (ဇန်နဝါရီ၄ရက်၊ ၂၀၁၆)

Image
  ကလောမြို့လေးက ငါးရက်ကြာတခါပြုလုပ်လေ့ရှိတဲ့ ဈေးနေ့မှာ မှတ်တမ်းတင်ထားတဲ့ ပုံရိပ်တချို့ဖြစ်ပါတယ်။ ကလောမြို့မဈေးရဲ့ အရှေ့တောင်ဘက်ကျကျမှာရှိတဲ့ လမ်းသွယ်လေးထဲမှာ ခင်းကျင်းရောင်းချကြတာပါ။ ပြီးခဲ့တဲ့ဇန်နဝါရီလေးရက်နေ့က နောက်ဆုံးဖွင့်ခဲ့တဲ့ဈေးနေ့ပဲဖြစ်ပါတယ်။ နိုင်ငံခြားသားတွေခရီးသွားလာမှုများတဲ့ ခရီးသွားရာသီအချိန်အခါဖြစ်တာရယ်၊  စနေ၊တနင်္ဂနွေနဲ့ တဆက်စပ်တည်း ရုံးပိတ်ရက်  ဖြစ်ခဲ့တဲ့ လွတ်လပ်ရေးနေ့နဲ့တိုက်ဆိုင်တာတွေရယ်ကြောင့် ကလောမြို့လေးကတော့  တော်တော်လေးကို စည်ကားအသက်ဝင်နေခဲ့ပါတယ်။ ငါးရက်ကြာမှတရက်သာဖွင့်တာကြောင့် ဈေးနေ့မှာတော့ ကလောမြို့နီးနားက ပအိုဝ်၊ပလောင်တိုင်းရင်းသားဈေးသည်တွေနဲ့ ပြည့်ပြီးစည်ကားနေတယ်။ တချို့ဈေးသည်တွေကတော့ မြေပြန့်ကလာသူတွေပါ။ တိုင်းရင်းသားဈေးသည်တွေအများစုက ဒေသထွက် ဟင်းသီးဟင်းရွက်ဖားဖားကြီးတွေ၊ လတ်ဆတ်ပြီးကော့နေတဲ့ ဘုရားပန်းတွေကို ရောင်းချကြတယ်။ တိုဟူးကြော်သုပ်၊ မုန့်ဖတ်သူပ်တို့ရောင်းတဲ့ စားသောက်စရာဆိုင်လေးတွေလည်း တွေ့ရတယ်။ ရာသီဥတုကအရမ်းအေးတာကြောင့် ဘေထုပ်(အဟောင်းထည်)ရောင်းတဲ့ဈေးသည်တွေကလည်း အများကြီးပဲ။ ဒီကလောဈေးနေ့လေးဟာ ဒေသခံတွေနဲ့ ပြည်တွင်းတ