ကလေးမြို့က ခေတ်မှီမှီ ချင်းမူကြိုကျောင်းလေး
(ဧရာဝတီသတင်းဌာန အင်တာနက်စာမျက်နှာမှ တဆင့်ကူးယူဖော်ပြပါသည်။) -ကလေးမြို့အတွင်းရှိချင်းလူမျိုးအများဆုံးနေထိုင်ကြသည့် ရပ်ကွက်များထဲမှ တခုဖြစ်သည့် သဇင် ၃ ရပ်ကွက်တွင် တည်ထောင်ထားသည့် ECCE (Early Childhood Care and Education) မူကြိုကျောင်းငယ်လေးတကျောင်းမှ ကလေးငယ်များနှင့်ဆရာမများ၏ သင်ကြားမှုပုံစံများ၊ ဆက်ဆံရေးများအား အနီးကပ်မှတ်တမ်းတင် ရိုက်ကူးထားခြင်းဖြစ်ပါသည်။ နယ်မြို့တမြို့ဖြစ်သော်လည်း ကလေးငယ်များအပေါ်သင်ကြားပုံနည်းလမ်းများ၊ အသုံးပြုသည့် သင်ထောက်ကူပစ္စည်းများမှာ ရန်ကုန်၊မန္တလေးမြို့ကြီးများရှိ တချို့မူကြိုများနည်းတူပင်ဖြစ်သည်။ နိုင်ငံတကာတွင်သင်ကြားနေသည့် ရှေးဦးကလေးသူငယ်ပြုစုပျိုးထောင်ရေးသင်ကြားနည်းလမ်းများနှင့်အညီ ဖွင့်လှစ်ထားသည့်ကျောင်းလေးဖြစ်သည်။ မူကြိုလခမှာ ကလေးတဦးအတွက် တစ်လလျှင် ငွေကျပ်နှစ်ထောင်ခန့်နှင့် ထမင်းဖိုးတနှစ်စာ ငွေကျပ်နှစ်သောင်းခွဲ ပေးသွင်းရသည်။ တလစာ လခနှင့်ထမင်းဖိုးအား စုပေါင်းပြီး တသောင်းကျပ်သို့တိုးမြှင့်ရန် စီစဉ်နေပြီဖြစ်သည်။သို့သော်လည်း ကလေးမိဘများက တိုးမြှင့်ခြင်းမပြုရန်တောင်းဆိုမှုများကြောင့် အဆိုပါအစီအစဉ်မှာ နှောင့်နှေးနေရသည်ဟုကျောင်းအုပ်ချုပ်သူဆရာမကြီးကဆိုသည်။ ကျော...