ကလေးမြို့က ခေတ်မှီမှီ ချင်းမူကြိုကျောင်းလေး

(ဧရာဝတီသတင်းဌာန အင်တာနက်စာမျက်နှာမှ တဆင့်ကူးယူဖော်ပြပါသည်။)

-ကလေးမြို့အတွင်းရှိချင်းလူမျိုးအများဆုံးနေထိုင်ကြသည့် ရပ်ကွက်များထဲမှ တခုဖြစ်သည့် သဇင် ၃ ရပ်ကွက်တွင် တည်ထောင်ထားသည့် ECCE (Early Childhood Care and Education) မူကြိုကျောင်းငယ်လေးတကျောင်းမှ ကလေးငယ်များနှင့်ဆရာမများ၏ သင်ကြားမှုပုံစံများ၊ ဆက်ဆံရေးများအား အနီးကပ်မှတ်တမ်းတင် ရိုက်ကူးထားခြင်းဖြစ်ပါသည်။

နယ်မြို့တမြို့ဖြစ်သော်လည်း ကလေးငယ်များအပေါ်သင်ကြားပုံနည်းလမ်းများ၊ အသုံးပြုသည့် သင်ထောက်ကူပစ္စည်းများမှာ ရန်ကုန်၊မန္တလေးမြို့ကြီးများရှိ တချို့မူကြိုများနည်းတူပင်ဖြစ်သည်။ နိုင်ငံတကာတွင်သင်ကြားနေသည့် ရှေးဦးကလေးသူငယ်ပြုစုပျိုးထောင်ရေးသင်ကြားနည်းလမ်းများနှင့်အညီ ဖွင့်လှစ်ထားသည့်ကျောင်းလေးဖြစ်သည်။

မူကြိုလခမှာ ကလေးတဦးအတွက် တစ်လလျှင် ငွေကျပ်နှစ်ထောင်ခန့်နှင့် ထမင်းဖိုးတနှစ်စာ ငွေကျပ်နှစ်သောင်းခွဲ ပေးသွင်းရသည်။ တလစာ လခနှင့်ထမင်းဖိုးအား စုပေါင်းပြီး တသောင်းကျပ်သို့တိုးမြှင့်ရန် စီစဉ်နေပြီဖြစ်သည်။သို့သော်လည်း ကလေးမိဘများက တိုးမြှင့်ခြင်းမပြုရန်တောင်းဆိုမှုများကြောင့် အဆိုပါအစီအစဉ်မှာ နှောင့်နှေးနေရသည်ဟုကျောင်းအုပ်ချုပ်သူဆရာမကြီးကဆိုသည်။

ကျောင်းတွင် ချင်းဘာသာစကား၊ မြန်မာစကား၊ အင်္ဂလိပ်စာများနှငိ့ ရင်းနှီးအောင်သင်ကြားပေးသည်။ ကလေးငယ်အများစုမှာ ချင်းလူမျိုး ခရစ်ယာန်မိသားစုများကဖြစ်သောကြောင့် ခရစ်ယာန်ဘာသာရေး အဆုံးအမနှင့်ဆက်နွှယ်သည့် အကြောင်းအရာများနှင့် အဓိကရင်းနှီးစေသည်ကို တွေ့ရသည်။ ယခုမူကြိုကျောင်းလေးတွင် ကလေးငယ်စုစုပေါင်း ၈၀ခန့်ရှိပြီး ဆရာမငါးဦးရှိသည်။ ထူထောင်သူမှာ အငြိမ်းစားယူထားသည့် ချင်းလူမျိုးမူလတန်းပြအစိုးရကျောင်းဆရာမ ဒေါ်ဇမ်းငိုက်မန်း ဖြစ်သည်။ မူကြိုကျောင်းဖွင့်လှစ်ခဲ့သည့် သက်တမ်းမှာ ၁၄နှစ်ခန့်ရှိပြီဖြစ်သည်။

- အေးမွန်ရာပြည့်
https://www.facebook.com/IrrawaddyBurmese/posts/1226202827423867



 
 











Comments

Popular posts from this blog

အင်းတော်မြို့ကစည်လုပ်ငန်း

‘ ခံတပ်အိုကြီးသုံးခု ’

"ဂိုးဂိုးဂေါက်ဂေါက် ခုံဖိနပ်တို့ရဲ့ အနာဂတ်"