"ဂိုးဂိုးဂေါက်ဂေါက် ခုံဖိနပ်တို့ရဲ့ အနာဂတ်"
ခုံဖိနပ်ပြုလုပ်နေသည့် မြင်ကွင်းများ (ဓာတ်ပုံ- အေးမွန်ရာပြည့်) ‘ မိုးစိုစီး’လို့ နာမည်ပြောင်ပေးထားတဲ့ဖိနပ်ကို သိကြပါသလား။ ခုခေတ်ပေါ် ရာဘာဖိနပ်တွေလို မပူဘူး။ မချော် ဘူး။ ရိုးရှင်းတယ်။ ခိုင်ခံ့တယ်။ တခြားဖိနပ်တွေနဲ့ လုံးဝမတူတဲ့ ထူးခြားချက်တချက် ဒီဖိနပ်မှာ ရှိတယ်။ သူ့ရဲ့ထူးခြားချက်ကြောင့် ဒီဖိနပ်စီးထားသူဟာ အခြား သာမန်ဖိနပ်စီးထားသူတွေနဲ့ယှဉ်ရင် လူတွေကြားမှာ ပိုပြီး ထူးထူး ခြားခြား ပေါ်လွင်နေလေ့ရှိတယ်။ လူတွေရဲ့ အထူးတလည် စိတ်ဝင်စားခြင်းကိုလည်း ခံရတတ်တယ်။ ဘာကြောင့်လည်းဆိုတော့ ဒီဖိနပ်စီးထားပြီး လမ်းလျှောက်လိုက်ရင် ဂိုးဂိုးဂေါက်ဂေါက်နဲ့ အသံစွာကျယ်စွာကျယ် ထွက်နေ တတ်လို့ပါပဲ။ ဒီလိုအသံထွက်နေလို့ ဆရာတင်မိုးက ‘ခုံဖိနပ်ကြီး ဂိုးဂိုးဂေါက်ဂေါက်’ ဆိုတဲ့ ခေါင်းစဉ်နဲ့ ကဗျာစပ်ခဲ့တာပါ။ ဖိနပ်က ထွက်လာတဲ့ တဂေါက်ဂေါက် အသံကိုက ဒီဖိနပ်ရဲ့ ဆွဲဆောင်မှုတခု၊ သင်္ကေတခုလို ဖြစ်နေတယ်။ လူကြီး၊ လူ လတ်ပိုင်းအရွယ်တွေကတော့ ဂိုးဂိုးဂေါက်ဂေါက်ဆိုတာနဲ့ အသားခုံဖိနပ်လေးတွေကို မျက်လုံးထဲ ပြေးမြင်ကြတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်နှစ်စုကျော်ကာလတွေတုန်းကတော့ အမျိုးသား၊ အမျိုးသမီး၊ ကြီးကြီးငယ်ငယ် အရွယ်ပေါင်းစုံဟာ ခုံဖိ နပ်တွေနဲ့ တ...