လွတ်လပ်ရေးနေ့နဲ့ ဆုံခဲ့တဲ့ ကလောဈေးနေ့ (ဇန်နဝါရီ၄ရက်၊ ၂၀၁၆)
ကလောမြို့လေးက ငါးရက်ကြာတခါပြုလုပ်လေ့ရှိတဲ့ ဈေးနေ့မှာမှတ်တမ်းတင်ထားတဲ့ ပုံရိပ်တချို့ဖြစ်ပါတယ်။ ကလောမြို့မဈေးရဲ့အရှေ့တောင်ဘက်ကျကျမှာရှိတဲ့ လမ်းသွယ်လေးထဲမှာ ခင်းကျင်းရောင်းချကြတာပါ။
ပြီးခဲ့တဲ့ဇန်နဝါရီလေးရက်နေ့က နောက်ဆုံးဖွင့်ခဲ့တဲ့ဈေးနေ့ပဲဖြစ်ပါတယ်။
နိုင်ငံခြားသားတွေခရီးသွားလာမှုများတဲ့ ခရီးသွားရာသီအချိန်အခါဖြစ်တာရယ်၊ စနေ၊တနင်္ဂနွေနဲ့ တဆက်စပ်တည်း ရုံးပိတ်ရက် ဖြစ်ခဲ့တဲ့လွတ်လပ်ရေးနေ့နဲ့တိုက်ဆိုင်တာတွေရယ်ကြောင့် ကလောမြို့လေးကတော့ တော်တော်လေးကို စည်ကားအသက်ဝင်နေခဲ့ပါတယ်။
ငါးရက်ကြာမှတရက်သာဖွင့်တာကြောင့် ဈေးနေ့မှာတော့ ကလောမြို့နီးနားက
ပအိုဝ်၊ပလောင်တိုင်းရင်းသားဈေးသည်တွေနဲ့ ပြည့်ပြီးစည်ကားနေတယ်။
တချို့ဈေးသည်တွေကတော့ မြေပြန့်ကလာသူတွေပါ။
တိုင်းရင်းသားဈေးသည်တွေအများစုက ဒေသထွက် ဟင်းသီးဟင်းရွက်ဖားဖားကြီးတွေ၊
လတ်ဆတ်ပြီးကော့နေတဲ့ ဘုရားပန်းတွေကို ရောင်းချကြတယ်။ တိုဟူးကြော်သုပ်၊
မုန့်ဖတ်သူပ်တို့ရောင်းတဲ့ စားသောက်စရာဆိုင်လေးတွေလည်း တွေ့ရတယ်။
ရာသီဥတုကအရမ်းအေးတာကြောင့် ဘေထုပ်(အဟောင်းထည်)ရောင်းတဲ့ဈေးသည်တွေကလည်း
အများကြီးပဲ။
ဒီကလောဈေးနေ့လေးဟာ ဒေသခံတွေနဲ့ ပြည်တွင်းတခြားနယ်ပယ်ဒေသအသီးသီးကလာရောက်ကြတဲ့ ဈေးဝယ်သူတွေနဲ့ စည်ကားနေသလိုနိုင်ငံခြားသားခရီးသွားဧည့်သည်တွေရဲ့ စိတ်ဝင်စားမှုကိုပါရရှိခဲ့တဲ့ဈေးနေ့လေးဖြစ်ခဲ့ပါတယ်။
(အေးမွန်ရာပြည့် )
Comments
Post a Comment