ပညာအလင်းနဲ့ အမှောင်ခွင်းသူ
မွေးရာပါ အမြင်အာရုံ ချို့ယွင်းပေမယ့် ပညာရေးမှာ စိတ်အားထက်သန်လွန်းသူ မအေးချမ်းအောင် (ဓာတ်ပုံ-အေးမွန်ရာပြည့်) - အေးမွန်ရာပြည့် - အပြာရင့်ရင့် ရှမ်းဝတ်စုံလေးကို အထက်အောက် ဝမ်းဆက် ဝတ်ထားတဲ့ အနက်ရောင်ဆံပင်တိုနဲ့ အမျိုးသမီးငယ်တဦးက ကွန်ပျူတာကို အသုံးပြုပြီး အင်တာနက်ပေါ်က အခမဲ့ သင်ကြားပေးတဲ့ အဆင့်မြင့် ပညာရပ်တွေ သင်ယူနေတယ်။ ကီးဘုတ်ကို နှိပ်လိုက်တိုင်း ကွန်ပျူတာထဲက အင်္ဂလိပ် စကားသံတွေ ထွက်လာတယ်။ မျက်နှာ ဘေးတစောင်းအနေအထားနဲ့ နားကို ပိုပြီး အားပြုလို့ ကွန်ပျူတာကို သူ သုံးနေတယ်။ သူ့မျက်စိ ၂ ဖက်လုံး မမြင်ရသေမယ့် ကွန်ပျုတာကို အသုံးပြုပြီး အဆင့်မြင့် ပညာရပ်တွေကို သင်ကြားနေသူကတော့ မအေးချမ်းအောင်လို့ ခေါ်တဲ့ အမျိုးသမီးငယ် တဦး ဖြစ်ပါတယ်။ အမြင်အာရုံ ချို့တဲ့သူအတွက် ရည်ရွယ် ပြုလုပ်ထားတဲ့ ကွန်ပျူတာ ဆော့ဖ်ဝဲ ကျေးဇူးနဲ့ မအေးချမ်းအောင်ဟာ ပညာတွေ ဆက်လက် သင်ကြားနေသလို အင်္ဂလိပ်စာ ဘာသာပြန်လုပ်ပြီး အသက်မွေးဝမ်းကျောင်း ပြုနေသူဖြစ်ပါတယ်။ သူဟာ မန္တလေးနိုင်ငံခြား ဘာသာ တက္ကသိုလ်ကနေ အင်္ဂလိပ်စာမေဂျာနဲ့၂၀၁၀ ခုနှစ် ကတည်းက ဘွဲ့ရ ခဲ့ပေမယ့်လည်း မတင်းတိမ်နိုင်သေးလို့ အွန်လိုင်းကနေတဆင့် သင်ကြားတဲ့ အမေရိကန်နိုင်ငံရဲ့