အတိတ်ရဲ့အရိပ်များရှိရာ ဘားနာ့ဒ်ရွာဆီ
နှစ်တစ်ရာကျော် သက်တမ်းရှိပြီဖြစ်တဲ့ ဗြိတိသျှစစ်သင်္ချိုင်းနဲ့ ယနေ့ခေတ်ပေါ် ဘက်ဟိုးကား ကြီးတွေ၊ ကျောက်တူးစက်ကြီး တွေနဲ့ အားရပါးရ ကျောက်တူး ဖော်ရေးလုပ်ကိုင်နေကြတဲ့ မြင်ကွင်းတွေကို တစ်စုတစ်စည်းတည်း မြင်တွေ့ရမယ့်ဒေသ။ မိုးကုတ်မြို့ ကို သိမ်းဖို့ ၁၈၈၆ ခုနှစ်ဝန်းကျင် လောက်ကတည်းက အင်္ဂလိပ် တွေ အခြေစိုက်စစ်စခန်းဖွင့်ခဲ့တဲ့ ဒေသ။ ပြောင်ခေါင်းစိမ်းတွေ ထွက်လို့ ပြောင်ခေါင်းရွာလို့လည်း မိုးကုတ်ဒေသခံတွေအကြားမှာ နာမည်ကြီးတဲ့ဒေသ။
မြန်မာတစ်နိုင်ငံလုံးကို အင်္ဂလိပ်က သိမ်းပြီးခဲ့ချိန်မှာ တောင်ပေါ်အပန်းဖြေစခန်းမြို့အ ဖြစ် တည်ထောင်ဖို့ လျာထားခဲ့ ပေမယ့် အထမမြောက်ခဲ့တဲ့ ဒေသလည်း ဖြစ်ပါတယ်။ ထိုဒေသကတော့ မြန်မာနိုင်ငံဆိုင်ရာ မဟာမင်းကြီး ဘားနာ့ဒ်ရဲ့အမည်ကို အစွဲပြုပြီး အမည်ပေးခဲ့ တဲ့ ဘားနာ့ဒ်ဒေသပါ။
ဘားနာ့ဒ်ဒေသကို သွားချင် ရင် မိုးကုတ်မြို့ရဲ့ အရှေ့မြောက် ထောင့်က အမြင့်ပေတစ်သောင်း မြင့်တဲ့တောင်ကို အရင်ဆုံးကျော် ဖြတ်ရမှာပါ။ တောင်ကိုကျော်ပြီး ရင် တွေ့ရမယ့် တောင်ကြားလို လို၊ မြေပြန့်လိုလိုဒေသဟာ ဘား နာ့ဒ်ဒေသပါပဲ။ ကားကောင်း ကောင်းနဲ့ဆိုရင် မိုးကုတ်မြို့ကနေ တစ်နာရီကျော်လောက် အချိန်ယူ သွားရတယ်။ ပေတစ်သောင်းမြင့် တဲ့ တောင်တက်လမ်းတစ် လျှောက်မှာတော့ တိမ်တွေထဲ ဖြတ်သန်းနေရတဲ့ ခံစားမှုမျိုး ခံ စားကြရမှာပါ။ တစ်ခါတလေ တိမ်တွေအရမ်းထူလွန်းလို့ ကားတွေ မီးကြီးဖွင့်ပြီး မောင်းကြရပါတယ်။ တောင်က အရမ်းမြင့်လွန်းလို့ လေဖိအားနည်းလာပြီး တော် ရုံတန်ရုံကားမမူးတဲ့သူကိုတောင် မူးစေတတ်လို့ အမူးပျောက်ဆေး တွေတော့ ဆောင်သွားဖို့ လိုပါ မယ်။
တောင်တက်လမ်းကတော့ ကတ္တရာလမ်းခင်းထားပေမယ့် ကားတစ်စီးစာလမ်းအကျယ်ပဲ ရှိ တယ်။ ဘေးမှာကတော့ ချောက် ကြီးပါ။ ကားနှစ်စီးလမ်းမှာ ထိပ် တိုက်ဆုံရင်တောင်မှ အရမ်းကျွမ်း ကျင်လှတဲ့ ယာဉ်မောင်းဆရာတွေ နဲ့မှသာ အဆင်ပြေပါလိမ့်မယ်။ တောင်ပေါ်လမ်းတွေက အကွေ့ အကောက်များတဲ့အပြင် အတက် တွေကလည်း မတ်စောက်လွန်း တာကြောင့် ချော်ပြီးပြုတ်ကျရင် တောင် တောင်အောက်ရောက်ဖို့ အချိန်နာရီဝက်လောက်ကြာနိုင် တယ်လို့ ကားဆရာတွေက ဆိုကြလေရဲ့။ ကားမောင်းသူတွေအတွက် အရမ်းကို ဂရုစိုက်မောင်းရမယ့် လမ်းပိုင်းဖြစ်ပေမယ့် ပြည်တွင်း ပြည်ပက အလည်လာသူတွေကို သိပ်ကိုထူးခြားလှတဲ့ မြင်ကွင်း တွေနဲ့ ဆွဲဆောင်နိုင်မှာ အသေအ ချာပါပဲ။ တောင်ရဲ့ အမြင့်ဆုံးနေ ရာမှာရှိတဲ့ စေတီကနေ မိုးကုတ် မြို့နဲ့ ပတ်ဝန်းကျင်ဒေသတွေကို အပေါ်စီးကနေ ကြည့်ရှုခွင့်ရမယ်။ လမ်းတစ်လျှောက်မှာရှိတဲ့ ကျောက်တုံး၊ ကျောက်ဆောင် မည်းမည်းကြီးတွေကို တိမ်တွေက တိုးဝှေ့ပြီး ကွဲထွက်လာတဲ့ မြင် ကွင်းတွေကတော့ ဟယ်ရီပေါ် တာ ဇာတ်ကားထဲက မှော်ဆန်ဆန်ဇာတ်ဝင်ခန်းတွေအတိုင်းပါပဲ။
ဘားနာ့ဒ်ဒေသ(ရွာ) ထဲ စဝင်လာပြီဆိုတာနဲ့ မိနစ်ပိုင်းအ တွင်းမှာပဲ လူနေအိမ်ခြေစိပ်လာ တာကို တွေ့ရပါမယ်။ ရွာအဝင်လမ်းတွေကလည်း မြေသားလမ်းတွေ ဖြစ်လာပြီ။ ဘားနာ့ဒ်ကျေးရွာဟာလီရှောလယ်ဦးကျေးရွာ အုပ်စုထဲက ရွာတစ်ရွာ ဖြစ်တယ်။ နိုင်ငံခြားကောင်းဘွိုင် ဇာတ်ကားတွေထဲကလို လယ် ကွင်းပြင်ကျယ်ကြီးတွေထဲမှာ မြင်းတွေကို လွှတ်ကျောင်းထား တယ်။ တချို့နေရာတွေမှာတော့ ဘက်ဟိုးကားကြီးတွေ၊ ယန္တရား ကြီးတွေနဲ့ ကျောက်တူးဖော်ရေး လုပ်ငန်းတွေ လုပ်နေကြတယ်။ ရွာဆိုပေမယ့် ဆိုက်ကနက်စ်လို၊ ပရာဒိုလို ကားအကောင်းစားကြီး တွေလည်း ရှိနေတယ်။
ဒီဒေသမှာ အစိုးရနဲ့ အကျိုး တူ ကျောက်တူးလုပ်ငန်းတွေ ရှိ ပေမယ့် ဒေသခံအများစုကတော့ အရက်ချက်ကြပါတယ်။ စိုက်ပျိုး ရေး၊ မွေးမြူရေးတွေ အဓိကလုပ် တယ်။ ဒေသခံတွေအများစုက တော့ တရုတ်ပြည်ကနေ နယ်မြေ သစ်ရှာရင်း ဒီဒေသကိုရောက်ရှိ လာတဲ့ လီဆူးလူမျိုးတွေ ဖြစ် တယ်။ တရုတ်မျိုးနွယ် အများစု ဖြစ်လို့ အိမ်တွေမှာ တရုတ်စာ တွေ ကပ်ထားတယ်။ ရွှွံ့နဲ့ ကောက်ရိုးရောပြီး ဆောက်ထား တဲ့ ရွှံ့အိမ်လေးတွေကိုလည်း ရွာ လမ်းတစ်လျှောက်မှာ ခပ်စိပ်စိပ် တွေ့နိုင်တယ်။
ဘားနာ့ဒ်ရွာထဲကို ဆယ် မိနစ်လောက်ဝင်ပြီးတာနဲ့ ဘား နာ့ဒ်ဈေးကို တွေ့ရလိမ့်မယ်။ ဈေးကငါးရက်တစ်ဈေးဖြစ်တာ ကြောင့် ဈေးဖွင့်မယ့်ရက်ကို ကြို တင်စုံစမ်းပြီးမှသွားရင် ပိုကောင်း မယ်။ ဈေးနေ့မှာဆို တောကောင် သားတွေ၊ ဒေသထွက် ပစ္စည်းတွေ ပေါပေါများများ တွေ့ရတတ် တယ်။ ဈေးထဲမှာ ငါးကောင်ဂျင် လို လောင်းကစားဝိုင်းတွေလည်း ဖွင့်တတ်တယ်လို့ ကစားဖူးခဲ့သူ မိုးကုတ်ဒေသခံတချို့က ပြန် ဖောက်သည်ချပါတယ်။
ဈေးကျော်ပြီး မြေလမ်းပျော့ ပျော့လေးထဲ ဆက်ဝင်လိုက်ရင် အင်္ဂလိပ်ခေတ်က တည်ဆောက် ခဲ့တဲ့ စစ်သချုႋင်းကို တွေ့ရမယ်။ ပေနှစ်ရာဝန်းကျင်လောက်ရှိနိုင် တဲ့ ခြံကို ကျောက်စီနံရံအနိမ့်လေး နဲ့ ဝင်းခတ်ထားတယ်။ ခြံဝင်းလေး ထဲမှာမှ မြန်မာပြည်တွင်း ကျဆုံး ခဲ့တဲ့ အင်္ဂလိပ်စစ်သားတွေရဲ့ အမည်နဲ့ ကျောက်တိုင်တွေကို တွေ့ရမယ်။ တချို့ကျောက်တိုင် တွေမှာ ၁၈၈၈ ခုနှစ် သေဆုံးတဲ့အ ကြောင်း ထည့်သွင်းရေးထိုးထား တဲ့အတွက် အခုချိန်မှာ သင်္ချိုင်းရဲ့ သက်တမ်းဟာ နှစ်ပေါင်း ၁၂၀ ကျော်နေပြီလို့ အကြမ်းခန့်မှန်း နိုင်တယ်။
သက်တမ်းတစ်ရာကျော်ရှိ နေပြီဖြစ်တဲ့ အင်္ဂလိပ်စစ်သင်္ချိုင်း ကို ပြုပြင်ထိန်းသိမ်းမယ့်သူက တော့ ရှိဟန်မတူပါဘူး။ သချုႋင်း ပတ်လည်မှာ ကျောက်တူးဖော် ရေးလုပ်ငန်းတွေ လုပ်ကိုင်နေပေ မယ့် သချုႋင်းခြံဝင်းလေးထဲမှာ တော့ မြက်တောတွေ၊ ခြုံနွယ် တွေနဲ့ ပိတ်ပြီး ရှုပ်ယှက်ခတ်နေ ပါတယ်။ စုစုပေါင်း အုပ်ဂူဘယ် နှခုရှိလဲဆိုတာကို အတိအကျ မရေတွက်နိုင်ခဲ့ပါဘူး။ မျက်မြင် တွေ့နေရတဲ့ အုတ်ဂူကတော့ ဆယ်ခုကျော်ပါလိမ့်မယ်။
သင်္ချိုင်းကိုရောက်ရင်တော့ အဲဒီနေရာနဲ့ သိပ်မဝေးတော့တဲ့ နေရာက လက်နက်တိုက်(ယမ်း တိုက်) ကိုလည်း သွားရောက်လေ့ လာသင့်ပါတယ်။ ယမ်းတိုက်ကို တော့ လိပ်ခုံးပုံသဏ္ဌာန်အ ဆောက်အုံတည်ဆောက်ထား တယ်။
မိုးကုတ်မြို့ကို လာရောက် လည်ပတ်တဲ့ နိုင်ငံခြားသားတော် တော်များများက ဒီဘားနာ့ဒ်ရွာနဲ့ စစ်သချုႋင်းအကြောင်းကို မေး တတ်ကြတယ်။ မိုးကုတ်မြို့ခံတွေ ထဲမှာလည်း အဲဒီဒေသနဲ့ စစ် သချုႋင်းကို မရောက်ဖူးတဲ့သူတွေ ရှိသေးတယ်။
ဘားနာ့ဒ်ကိုသွားတဲ့ လမ်း ကြောင်းဟာ သီးသန့်ဖြစ်နေတဲ့ အတွက်ခရီးသွားဧည့်သည်တွေ သွားရောက်လေ့လာမှု မရှိ သလောက် နည်းပါးနေသေးတာ တွေ့ရပါတယ်။ သဘာဝတော တောင်ရှုခင်းတွေ၊ ရိုးရှင်းလှတဲ့ တောင်ပေါ်ကျေးရွာတစ်ရွာက လူနေမှုစရိုက်တွေ၊ ဒေသထွက်ကုန် တွေကို၊ ကျောက်ထုတ်လုပ်ရေး လုပ်နေပုံတွေအားလုံးကို နေ့တစ် ပိုင်းအတွင်းမှာပဲ လေ့လာနိုင်မှာ ဖြစ်လို့ မိုးကုတ်မြို့ကို ရောက်ရင် ဘားနာ့ဒ်ဒေသကို မဖြစ်မနေ သွားရောက်လေ့လာသင့်ပါတယ်။
အနာဂတ်မှာ မိုးကုတ်မြို့ကို သယံဇာတတစ်ခုအပေါ်မှာ မှီခို နေရတဲ့ မြို့အဖြစ်ကနေ ရုန်း ထွက်ပြီး ခရီးသွားလုပ်ငန်းကို အခြေခံတဲ့ မြို့ဖြစ်လာအောင် အ ကောင်အထည်ဖော်ဖို့ ရည်မှန်း ထားတဲ့ စိမ်းလန်းမိုးကုတ် သဘာ ဝပတ်ဝန်းကျင်အဖွဲ့ကတော့ ဘားနာ့ဒ်ဒေသနဲ့ ပြည်တွင်း ပြည်ပ ခရီးသွားဧည့်သည်တွေကို ဆွဲဆောင်ဖို့ ကြိုးစားသွားမယ်လို့ ဆိုပါတယ်။
By
အေးမွန်ရာပြည့်
On
Fri, 2014-07-04 15:53
Issue No.http://7daydaily.com/story/14867#.VVF6ooHLeMY
Comments
Post a Comment