Popular posts from this blog
ကန္နားတော်ရွာ က မြန်မာ့ဂျပ်စက္ကူ ရုပ်ကလေးတွေ
(ဒီဗွီဘီသတင်းစာမျက်နှာမှ တဆင့်ကူးယူဖော်ပြပါသည်။) မြန်မာလူမျိုးတွေက လာဘ်ကောင်အဖြစ် ဆောင်လေ့ရှိတဲ့ ဇီးကွက်ရုပ်၊ ပစ်တိုင်းထောင်ရုပ်တို့လို ဂျပ်စက္ကူအရုပ်တွေ ဘယ်ကလာသလဲ လမ်းစရှာကြည့်ရင် စစ်ကိုင်းမြို့အနီးက ကန္နားတော်ရွာကို တွေ့ရပါမယ်။ ကန္နားတော်ရွာက ဂျပ်စက္ကူ အရုပ်လေးတွေကို ရွာလုံးကျွတ်ထုတ်လုပ်တဲ့ မြန်မာနိုင်ငံက တခုတည်းသော ရွာကလေးပါ။ ရွာလေးက သေးသေးလေးဆိုပေမယ့် သူ့ရဲ့ သမိုင်းကြောင်းနဲ့ ရာဇဝင်ကတော့ မသေးလှပါဘူး။ ရွာရဲ့သက်တမ်း နှစ်ပေါင်း ရာနဲ့ခဲ့ပါပြီ။ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀၀ လောက်က အင်းဝဘုရင် ဒုတိယ ဘုရင်မင်းခေါင် တည်ထားခဲ့တဲ့ အဘယဘုရားနဲ့အတူ ဆက်စပ်ပြီး ဖြစ်တည်ခဲ့တဲ့ ရွာကလေးပါ။ အဘယဘုရားရဲ့ အနောက်ဘက်မှာရှိတဲ့ နတ်ကွန်းမှာ ကန္နားပေးလေ့ ရှိရာကတဆင့် ကန္နားတော်ရွာဆိုပြီး ပေါ်ပေါက်ခဲ့တာပဲ ဖြစ်ပါတယ်။ အခု စာဖတ်သူတွေကို တင်ပြမှာကတော့ ကန္နားတော်ရွာအကြောင်း မဟုတ်ပါဘူး။ ကန္နားတော်ရွာက ရိုးရာလက်ဖြစ် ဂျပ်စက္ကူ ရုပ်လုပ်ငန်း အကြောင်းပဲ ဖြစ်ပါတယ်။ ကန္နားတော်ရွာမှာ ဂျပ်စက္ကူ ရုပ်တွေ စတင်ပြုလုပ်ခဲ့တာကတော့ နှစ်ပေါင်း ၁၀၀ လောက်ရှိပါပြီ။ တရွာလုံးမှာ အရုပ်အဓိကလုပ်တဲ့ အိမ်စုစုပေါင်း ၃၀ လောက်ရှိတယ်။ တချို့အိမ်တွေက...
လူသိများလာတဲ့ စွန်ရဲအင်း
မိုးကောင်းကင်ပြာပြာကြီးနဲ့ တိမ်လိပ်ဖြူဖြူမွမွကြီးတွေရယ်၊ သစ်ပင်တွေနဲ့အုပ်ဆိုင်းထားလို့ စိမ်းညို့နေတဲ့ မြင့်မြင့်မားမား တောင်တန်းကြီးတွေရဲ့အရိပ်တွေက အင်းရေပြင်ကျယ်ကြီးပေါ် အတိုင်းသားကျနေတယ်။ အင်းရေပေါ်က အရိပ်တွေနဲ့ အတူတူ တွဲလျက်တွေ့ရတာက လူအဖွဲ့လိုက်၊အစုလိုက်ကို တင်ဆောင်လာတဲ့ လှေကလေးတွေ၊ တောရိပ်တောင်ရိပ်တွေ၊ တိမ်လိပ်ကြီးတွေ၊ လှေကလေးတွေနဲ့ ု ရေပြင်ကျယ်ကြီးကို အချိုးကျပေါင်းစပ်ထားတဲ့ မြင်ကွင်းက ပန်းချီကားတချပ်လို ဖြစ်နေပါတယ်။ ဒီပန်းချီကားချပ်ကိုမှ ပိုပြီးပြည့်စုံကောင်းမွန်အောင် အရောင်တင်ပေးလိုက်တာက အင်းရေပြင်ထဲက ကြာပန်း၊ ကြာရွက်တွေနဲ့ ပြွတ်သိပ်နေတဲ့ ကြာတောကြီးပါပဲ။ ဒီကြာတောကြီးက အင်းရေပြင်ရဲ့အရှေ့ဘက်ကျကျလောက်မှာ ရှိတယ်။ အင်းရဲ့အခြားဘက်တွေမှာလည်း ကြာတောတွေ ရှိနေသေးတယ်လို့ ဒေသခံတွေက ပြောကြတယ်။ အင်းရေပြင်ပေါ်က လှေကလေးတွေဟာ တအိအိနဲ့ ကြာတောအုပ်ကြီးဆီကို ဦးတည်သွားနေကြတယ်။ ဒီမြင်ကွင်းတွေက လတ်တလောဖေ့ဘွတ်စ်လူမှု့ကွန်ရက်ပေါ်မှာ နာမည်ကြီးနေတဲ့ စွန်ရဲအင်းထဲက မြင်ကွင်းတွေပဲ ဖြစ်ပါတယ်။ ကြာပွင့်ကြာရိုးတွေနဲ့ ပြည့်နေတဲ့ စွန်ရဲအင်းကို ဒေသခံတွေက ကြာကန်လို့လည်း ချစ်စနိုးခေါ်ကြတယ်။ ...

Comments
Post a Comment