မောင်သစ်လွင် (လူထု) ပြောပြတဲ့ လူထုဒေါ်အမာ အမှတ်တရများ
မောင်သစ်လွင် (လူထု) (ဓာတ်ပုံ – ရန်ပိုင် / ဧရာဝတီ) (ဧရာဝတီသတင်းစာမျက်နှာမှတဆင့် ပြန်လည်ကူးယူဖော်ပြပါသည်။) အမေမာလို့ အမြတ်တနိုး ခေါ်ကြတဲ့ လူထုဒေါ်အမာ နှစ် ၁၀၀ ပြည့်မွေးနေ့ပွဲ နီးလာပြီဆိုတော့ အမေမာ အမှတ်တရ စာတွေ၊ ကဗျာတွေ မြိုင်မြိုင်ဆိုင်ဆိုင် ဖတ်နေရပါပြီ။ လူထုဒေါ်အမာကို ၁၉၁၅ နိုဝင်ဘာလ ၂၉ ရက်နေ့မှာ မွေးဖွားခဲ့တာဖြစ်လို့ အခု ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့ဆိုရင် မွေးနေ့နှစ် ၁၀၀ ပြည့်တော့မှာ ဖြစ်ပါတယ်။ လူထုဒေါ်အမာရဲ့ နှစ် ၁၀၀ ပြည့်မွေးနေ့ပွဲကို မန္တလေးမြို့မှာ စည်စည်ကားကား၊ မြိုင်မြိုင်ဆိုင်ဆိုင် ကျင်းပသွားကြဖို့ စာပေအသိုင်းအဝိုင်း တခုလုံးက အားခဲထားကြပါတယ်။ နှစ် ၁၀၀ ပြည့်ပွဲရောက်ခါနီးမှာ အမေမာရဲ့ အမှတ်တရပုံရိပ်တွေကို စာဖတ်သူတွေနဲ့ ပြန်လည်ထိတွေ့ပေးနိုင်ဖို့အတွက် လူထုဒေါ်အမာနဲ့ နှစ်ပေါင်းများစွာ အနီးကပ် လက်တွဲအလုပ်လုပ်ခဲ့တဲ့ လူထုသတင်းစာတိုက်ရဲ့ အယ်ဒီတာဖြစ်ခဲ့သူ ဆရာကြီး မောင်သစ်လွင် (လူထု) ကို တွေ့ဆုံ မေးမြန်းဖြစ်ခဲ့ပါတယ်။ မောင်သစ်လွင် (လူထု) ပြောတဲ့အထဲမှာ လူထုဒေါ်အမာနဲ့ ပတ်သက်ပြီး အမှတ်တရဖြစ်စေမယ့် အတိတ်ပုံရိပ်တွေ အများကြီးပါပါတယ်။ ဆရာကြီး မောင်သစ်လွင် (လူထု) သတင်းစာ အယ်ဒီတာ အိမ်ကိ...