ရှေးရိုးစွဲသမားတွေကြားက ဂရပ်ဖတီသမား

ကုန်းဘောင်ခေတ်က လူသိအလွန်များတဲ့ ကနောင်မင်းသားကြီး ရဲ့ အနွယ်တော်တယောက်က ခေတ်ပေါ် ဂရပ်ဖတီ ပန်းချီဆရာ ဖြစ်နေတာ တွေ့ရရင် ရှေးရိုးစွဲသမားတွေ ဘယ်လိုများ ခံစားမိကြမှာပါလဲ။ စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ မစ္စတာ အိုဘားမား ရန်ကုန်ကို လာတုန်းက သူ့ပုံကို လူငယ်တယောက်က အဆင့်ရှိရှိ ဂရပ်ဖတီနဲ့ ရေးဆွဲကြိုဆိုထားတာကို အတွေးအမြင်ဟောင်းသူတွေက ဖုံးဟယ်ဖယ်ဟယ် လုပ်ဖူးတယ်။ အသက် ၁၉ နှစ်အရွယ်သာ ရှိသေးတဲ့ မန္တလေးမြို့က မောင်လင်းပင်ဇော်က ကနောင်မင်းသားကြီးရဲ့သား ဖြစ်သူ လင်းပင်မင်းသားကြီးရဲ့ ဆွေမျိုးအနွယ်တော်တွေထဲက ဆင်းသက်လာပေမယ့် ထီးဆန်ဆန် နန်းဆန်ဆန် နေရတာထက် ခေတ်ပေါ်ဂရပ်ဖတီပန်းချီတွေ ရေးဆွဲဖို့ကိုသာ ပိုပြီးစိတ်ပါဝင်စားတဲ့ ခေတ်မီမီ မင်းမျိုးမင်းနွယ် အမျိုးသားလူငယ်တယောက် ဖြစ်တယ်။ စာဖတ်သူတွေက မင်းမျိုးမင်းနွယ်ထဲက ဆင်းသက်လာသူတယောက်မို့ ထီးဟန်နန်းဟန်အပြည့်နဲ့ ရိုးရိုးအေးအေးကြီးသာ နေထိုင်ပြီး အပြောအဆိုကအစ နန်းဆန်မယ်လို့ ထင်ကြမှာဖြစ်ပေမယ့် တကယ့်တန်းလက်တွေ့မှာတော့ အပုံကြီးကွာခြားနေပါတယ်။ လင်းပင်မင်းသားကြီးနဲ့ မျိုးရိုးတော်ဆက်သူတဦးဖြစ်လို့ လင်းပင်အမည်ကို နာမည်အရှေ့မှာထည့်ထားတာဖြစ်တယ်လို့ သူ့ဆွေတော်မ...