'နိုင်ငံခြားမှာ ထူးခြားတဲ့ အလုပ်မျိုး သွားလုပ်သူ'
(ဧရာဝတီသတင်းစာမျက်နှာမှ တဆင့်ကူးယူဖော်ပြပါသည်။) နိုင်ငံခြားမှာ မြန်မာတွေ အလုပ်သွားလုပ်ကြတာ အလုပ်အကိုင်အမျိုးစုံ ရှိပါတယ်။ ဆရာဝန် ၊အင်ဂျင်နီယာ၊ စာရင်းအင်း ပညာရှင်က အစ အိမ်ဖော်အထိ အမျိုးစုံပါပဲ။ ဒါပေမယ့် ဘယ်သူမှ တွေးထင်ကြည့်မိမှာ မဟုတ်တဲ့ အလုပ်မျိုးကို လုပ်ခဲ့သူ တယောက်နဲ့ တွေ့ခဲ့ရပါတယ်။ အနာကြီးရောဂါသည်တွေ အများစုနေထိုင်တဲ့ မတ္တရာမြို့နယ် နံ့သာမြိုင်ကျေးရွာမှာ သူ့ကို တွေ့ရတာပါ။ ခြံဝင်းထဲက ကွပ်ပျစ်လေးတခုပေါ်မှာ ထိုင်ပြီး အမျိုးသားကြီးတယောက်က ရေဒီယိုနီနီရဲရဲအသေးစားလေးတခုကို လိုင်း ရှာရင်း လျှောက်ကလိနေတယ်။ တကိုယ်လုံးမှာ အထူးခြားဆုံးကတော့ တခေါင်းလုံးက သူ့ဆံပင်တွေ ဖြူဖွေးနေတာပဲ။ ဖြတ်သန်းလာခဲ့တဲ့ သက်တမ်းတလျှောက်လုံး ဘယ်လောက် ခက်ခက်ခဲခဲ ရုန်းကန်လှုပ်ရှားခဲ့ရသလဲဆိုတာ သက်သေပြ နေသယောင်။ မျက်နှာကတော့ ကြည်နေတယ်။ လောဘ ဒေါသမာန် မာနတွေ တော်တော်နည်းနေတဲ့မျက်နှာ အေးပြီး ကြည်နေတယ်။ သူက အသက်၇၀ရှိပြီဖြစ်တဲ့ ဦးကျော်ရင်(အမည်လွှဲ) ပါ။ ဦးကျော်ရင်ရဲ့ပုံစံကို ရုတ်တရက်ကြည့်ရင် ဘဝကို အေးအေးသာသာလေး ဖြတ်သန်းခဲ့ရတယ်လို့ ထင်စရာပါ။ ဒါပေမယ့် တကယ့်တကယ် သူဖြတ်သန်းလာခဲ့ရတဲ့ ဘဝတခုလုံးကို ခြုံကြည့်မယ်ဆိုရင်တော့ အရမ်းကို ပင်ပန...